
နေပြည်တော် ဇူလိုင် ၆
မွန်ပြည်နယ်အတွင်း နွေရာသီ ရေလုံလောက်မှု ရှိစေရန်နှင့် မြေအောက်ရေကို စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရန် GP Survey တိုင်းတာနည်း သင်တန်းကို မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းကို ဇူလိုင် ၅ ရက် မှ ၁၆ ရက်ထိ သင်တန်းသား ၁၅ ဦးဖြင့် ၁၀ ရက်ကြာ ဖွင့်လှစ်ပြီး စာတွေ့များအပြင် မြေပြင်ကွင်း ဆင်း လက်တွေ့သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။ မြေအောက်ရေများ တူးဖော်ရာ တွင် GP Survey တိုင်းတာနည်း ကို အသုံးပြုခြင်းဖြင့် ထိရောက် အကျိုးရှိသော စက်ရေတွင်းများ တူးဖော်နိုင်ပြီး နိုင်ငံတော်၏ဘဏ္ဍာ ငွေ လေလွင့်ဆုံးရှုံးမှုလျော့နည်း စေမည်ဖြစ်ကြောင်း သိရသည်။
“GP Survey သင်တန်းဖွင့်လှစ်ရ တာက ဌာနကဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြင့်မားလာစေဖို့နဲ့ မိမိကိုယ်ကို ယုံကြည်မှုမြင့်မားလာ ဖို့ ဖြစ်ပါတယ်။ သင်တန်းကြောင့် စက်ရေတွင်းတွေ တူးဖော်ရာမှာ ပိုမိုလွယ်ကူလာပြီး မြေအောက်ရေ ကို အကျိုးရှိရှိ ထုတ်ယူသုံးစွဲနိုင်ဖို့ နည်းလမ်းတွေကို သိရှိလာမှာပါ။ ဒါ့ပြင် ကျေးလက်ဒေသတွေရဲ့ နွေရာသီရေမလုံလောက်မှု ပြဿနာ တွေကို ကူညီဖြေရှင်းပေးလာနိုင် မှာပါ”ဟု မွန်ပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမောင် က ပြောသည်။
သတင်းစဉ်