မော်တော်ယာဉ်အာမခံပေါ်လစီအသစ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်ကျင့်သုံး

 

နေပြည်တော်    နိုဝင်ဘာ     ၈


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန   အာမခံလုပ်ငန်း  ကြီးကြပ် ရေးအဖွဲ့၏   (၃၄)ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၄/၂၀၂၃) ကို ယမန်နေ့မွန်းလွဲ  ၃ နာရီခွဲတွင် ရုံးအမှတ် (၃၄) ရှိ  အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 


အစည်းအဝေး၌       အာမခံ  လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်  ဝင်းက အာမခံလုပ်ငန်းကြီးကြပ် ရေးအဖွဲ့အနေဖြင့်  ပုံမှန်အစည်း အဝေးများကျင်းပ၍    အာမခံ လုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ     အာမခံ ကုမ္ပဏီများမှတင်ပြသည့် အာမခံ အမျိုးအစားသစ်များ    လုပ်ကိုင်ခွင့်ပြုပေးလျက်ရှိကြောင်း၊ အာမခံ  ကျွမ်းကျင်    ပညာရှင်များနှင့် ပူးပေါင်းပြီး  မြန်မာနိုင်ငံအာမခံ အသင်းက   ပြင်ဆင်ရေးဆွဲထား သည့်    မော်တော်ယာဉ်အာမခံ ပေါ်လစီအသစ်ကို    ၂၀၂၃  ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင် ကျင့်သုံးရန်     အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့် ခွင့်ပြု ခဲ့ပြီး    New   Motor   Policy Launching    Ceremony   ကို ဈေးကွက်တွင် စတင်ရောင်းချနေ ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်  လိုအပ်သည့် အာမခံအမျိုးအစား  သစ်များကို    ထပ်မံခွင့်ပြုရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် အတွင်းရေးမှူး က ယခင်အစည်းအဝေး (၃/၂၀၂၃) ဆုံးဖြတ်ချက်များအပေါ်  ဆောင် ရွက်ပြီးစီးမှု၊  ယခုအစည်းအဝေး တွင် အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့မှ  ဆွေးနွေးဆုံးဖြတ်ရမည့် အသက်အာမခံ အမျိုးအစားသစ် များနှင့် အထွေထွေအာမခံ အမျိုး အစားသစ်ဖြစ်သည့်   Electric Vehicle (EV) ယာဉ်များအတွက် အာမခံပေါ်လစီ        အပိုအကာ အကွယ်  ပရီမီယံနှုန်းသတ်မှတ် ခွင့်ပြုပေးနိုင်ရေးကိစ္စ၊ ကော်ပိုရိတ်  အသက်နှင့်   အထွေထွေအာမခံ ကိုယ်စားလှယ် လုပ်ကိုင်ခွင့်ပြုနိုင် ရေးကိစ္စ၊     ဌာနတွင်းအာမခံ ကိုယ်စားလှယ် သင်တန်းကျောင်း များ  ဖွင့်လှစ်ခွင့်ပြုနိုင်ရေးကိစ္စ များကိုတင်ပြခဲ့ရာ  တက်ရောက် လာကြသည့်  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက  ဆွေးနွေးအတည်ပြုကြသည်။  


ထို့နောက် အာမခံကုမ္ပဏီများ မှ Certifying Actuary နှင့် Chief  Operating Officer ခန့်ထားခြင်း ကိစ္စ၊     အာမခံကိုယ်စားလှယ် လုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေး ခွင့်ပြုရေးကိစ္စ၊   အာမခံကုမ္ပဏီ များမှ ကုမ္ပဏီရုံးခွဲသစ်  ဖွင့်လှစ် ခြင်းနှင့် Marketing Counter ပြန်လည် ပိတ်သိမ်းလိုခြင်းကိစ္စ တို့ကိုတင်ပြရာ   အဖွဲ့ဝင်များက မှတ်တမ်းတင်    အတည်ပြုကြ သည်။
ယင်းနောက်  ဥက္ကဋ္ဌက နိဂုံး ချုပ် အမှာစကားပြောကြားသည်။


မြန်မာနိုင်ငံ၏     အာမခံ ဈေးကွက်တွင် ရာနှုန်းပြည့် နိုင်ငံ ခြားသားပိုင်         အသက်အာမခံ ကုမ္ပဏီ ငါးခု၊  ဖက်စပ်အသက် အာမခံကုမ္ပဏီ  သုံးခု၊ နိုင်ငံသား ပိုင်အသက် အာမခံကုမ္ပဏီ ကိုးခု၊ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီ သုံးခု၊   နိုင်ငံသားပိုင်အ‌ထွေထွေ အာမခံကုမ္ပဏီ      ခြောက်ခုနှင့် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် အာမခံကုမ္ပဏီ   ၂၇  ခုမှ  အာမခံ ဝန်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိပြီး  ပုဂ္ဂလိကအာမခံ ကုမ္ပဏီများမှ အာမခံအမျိုးအစား  ၄၆ မျိုးကို ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။

သတင်းစဉ်