
မောင်တော မတ် ၄
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂)စံကွက် အောင်မြင်ဖြစ်ထွန်းနေမှု သရုပ် ပြသခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ဦးရပ်ကွက် ဇူလကျေးရွာတွင် ကျင်းပသည်။
အဆိုပါ ဆီထွက်သီးနှံ(ဆင်းရွှေကြာ) စံကွက်ကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့ဦးရပ်ကွက် ဇူလကျေးရွာ ကွင်းအမှတ် (၁၀၁/ဃ) ဦးပိုင် အမှတ် (၄၅၅ /၁) အကျိုးဆောင်တောင်သူတစ်ဦး၏ လယ်မြေ ငါးဧက တွင် စိုက်ပျိုးထားသည့် ဆင်းရွှေနေကြာ(၂)မျိုး စံပြကွက် အောင်မြင် ဖြစ်ထွန်းနေမှုကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဦးစောမောင်က လုပ်ငန်းများဆောင်ရွက်ပုံကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ကြသည်။
သက်လွင်စိုး(ပြန်/ဆက်)