
မောင်တော မေ ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေး သင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာ များတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်မှ မောင်တော ဒေသသို့ အနီးကပ်ကြီးကြပ်နိုင်ရန် တာဝန်ပေးခံရသည့် ဗိုလ်မှူးချုပ် တင်ဆွေသည် ယနေ့ညနေပိုင်းက မောင်တောမြို့သို့ ရောက်ရှိပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန ဧည့်ခန်းမအတွင်း ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး က မုန်တိုင်းဘေးကြောင့် မိမိတို့ မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့မှု များ၊ ပြန်လည်ထူထောင်ရေး အတွက် ဆောင်ရွက်နေမှုများ၊ ပြည်သူများအား လတ်တလော စားဝတ်နေရေးအဆင်ပြေစေရေး အတွက် ယာယီတဲများတည် ဆောက်နေမှု စသည်တို့ကို တင်ပြသည်။
ထို့နောက် ပြန်လည်ထူထောင် ရေး ဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများ သည် ကျေးရွာများသို့ မြေပြင် ကွင်းဆင်း စစ်ဆေးခဲ့ကြရာ မုန်တိုင်းကြောင့် လေဘေးသင့်ပြီး ပျက်စီးဆုံးရှုံးခဲ့သော မောင်တော မြို့နယ်အတွင်းရှိ ကျောက်ပန္ဒူ ကျေးရွာ၊ အင်းဒင်ကျေးရွာ၊ မြို့ယု ကျေးရွာများရှိ စာသင်ကျောင်း များအား ကြည့်ရှုစစ်ဆေးပြီး (ဝဲပုံ) စာသင်ကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ပျက်စီး နေမှုများကို ရှင်းလင်းကာ ပြန်လည်ပြုပြင်တည်ဆောက်ရေးကိစ္စများအား အမြန်ဆုံး စီစဉ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားကာ ကျေးရွာများအတွင်း အိမ်ထောင်စုအလိုက် စားရိက္ခာ များဖြန့်ဝေနေမှုနှင့် ပြည်သူများ သောက်သုံးရေများ ခပ်ယူသုံးစွဲ နေမှုများကို ကြည့်ရှုခဲ့သည်။ ယင်းနောက် ကျောက်ပန္ဒူကျေးရွာ သို့ သွားရောက်ကာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က ပြည်သူများအား ဆေးကုသမှု အခြေအနေကို ကြည့်ရှုအားပေးပြီး လိုအပ်ချက် များကို ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်