မောင်တောမြို့နယ် နတ်မြစ်အတွင်း ကုန်တင်စက်လှေ ရေဝင်နစ်မြုပ်မှုကို ကူညီကယ်ဆယ်

 

 

နေပြည်တော် မေ  ၃၀
ရခိုင်ပြည်နယ်      မောင်တော မြို့နယ်  နတ်မြစ်ကမ်းနံဘေးရှိ မကျီးချောင်းဝ၌      လုံခြုံရေး ဆောင်ရွက်နေသော    တပ်ဖွဲ့ဝင် များသည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၄၀  ခန့်က  မန်ကျီးချောင်းဝ  ၏    အနောက်ဘက်   နတ်မြစ် အတွင်း စက်လှေတစ်စင်း မျောပါ နေကြောင်း  တွေ့ရှိရသဖြင့်   သွား ရောက်စစ်ဆေးရာ အလျား ၆၅ ပေ၊  အနံ  ၁၇  ပေရှိ  လှိုင်ထက်စံ အမည်ရှိ      ကုန်တင်စက်လှေ ဖြစ်ကြောင်း   သိရှိရပြီး   လှေ၏ ဦးပိုင်းမှ  ရေဝင်၍  နစ်မြုပ်လျက် ရှိသဖြင့် စက်လှေပေါ်ရှိ လှေပိုင်ရှင်  အပါအဝင် အမျိုးသားခြောက်ဦး ကို ကူညီကယ်ဆယ်ခဲ့သည်။
အဆိုပါ  စက်လှေသည် ကုန် ပစ္စည်းပို့ဆောင်ရေး    ရေယာဉ် ဖြစ်ပြီး ချင်းအိတ် ၃၈၀၀ အိတ်ကို  တင်ဆောင်၍ တောင်ကုတ်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ပို့ဆောင်ရန်       မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း        နတ်မြစ် အတိုင်း        မောင်းနှင်လာစဉ် ရေလှိုင်း ရိုက်ခတ်မှုကြောင့် စက် လှေအောက်ပိုင်းကွဲပြီး      လှေ အတွင်းသို့     ရေဝင်ရောက်ကာ နစ်မြုပ်ခြင်းဖြစ်ပြီး စက်လှေပေါ် တွင် လိုက်ပါလာသည့် လှေပိုင်ရှင် အပါအဝင် အမျိုးသားခြောက်ဦးကို    လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့်    ကူညီကယ်ဆယ်ရေး လုပ်ငန်းများ    ဆောင်ရွက်ပေး  ကြောင်း သိရသည်။    သတင်းစဉ်