
မောင်တော အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ် မောင်တောမြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် ဦးတည်အုပ်စု တွင်ပါဝင်သူများအား ဒုတိယအသုတ် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အောက်တိုဘာ ၂၃ ရက်တွင် သတ်မှတ်နေရာ များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ဆေးထိုးမည့်သူများအား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်း များက ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေး၍ ပုံမှန်အခြေအနေရှိမှ သာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူစေပြီးမှ ပြန်လွှတ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံနေမှုတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများ အား ဒုတိယအသုတ် (ဒုတိယအကြိမ်)ကာကွယ်ဆေးများကို အောက်တိုဘာ ၁၇ ရက်မှ စတင်ထိုးနှံပေးခဲ့ရာ ၂၃ ရက်အထိ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၈၉၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)