
နေပြည်တော် ဇူလိုင် ၁၀
ဇူလိုင် ၉ ရက် နံနက် ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မောင်တောမြို့ မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်တွင် ဇော်သန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏ခါးပတ်အိတ် နှင့် ဆိုင်ကယ်တူးဘောက်အတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၅၈၂၄ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၇ နာရီခွဲက မောင်တော မြို့နယ် ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု ရွှေဇား(အလယ်)ကျေးရွာနေ အေနာအူလ္လာ ကို ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဇော်သန်း(၃၆)နှစ်နှင့် အေနာအူလ္လာ(၄၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
တာချီလိတ်
ထို့အတူ ဇူလိုင် ၈ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် လုစီ မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏ မိုးကာ အင်္ကျီအိတ်ကပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကို လည်းကောင်း။
နောင်ချို
ဇူလိုင် ၈ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့ ဈေးရပ်ကွက်ရှိ နောင်ချိုတိုးဂိတ်အကျော် ရှောင်ကွင်းလမ်း တွင် အမျိုးသားနှစ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ် မောင်းနှင်သူမှာ ထွက်ပြေးသွားပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် မိုးဆန်းဦးကို ဖမ်းဆီးရခဲ့ ကာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်