မောင်တောမြို့၌ လူဦးရေ ၉၀၂၀ အား ကိုဗစ် -၁၉ ကာကွယ်ဆေး စတုတ္ထအသုတ်(ဒုတိယ)အကြိမ် ထိုးနှံပေးပြီးဖြစ်

 

မောင်တော     ဒီဇင်ဘာ   ၂၆


ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား   စတုတ္ထအသုတ်  (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၆   ရက်   နံနက်ပိုင်းက    သတ်မှတ်စုရပ်နေရာများ တွင်    ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း  သိရ သည်။

 


ထိုသို့   ဆောင်ရွက်ပေးရာတွင်   ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ    ဝန်ထမ်းများက   စာရင်းများ     မှတ်ယူခြင်း၊  ကျန်းမာရေးဝန်ထမ်းများက     လာရောက်ထိုးနှံ သည့်    ဦးတည်အုပ်စုတွင်    ပါဝင်သည့်သူများအား ကိုယ် အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင် ရွက်ပေးကာ  ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေခြင်းနှင့်  ကာကွယ်ဆေးထိုးနှံ နေမှုများအား  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ 

 


အဆိုပါ   ဦးတည်အုပ်စုတွင်  ပါဝင်သည့်သူများ အနက်   စတုတ္ထအသုတ်   (ဒုတိယ)အကြိမ်အဖြစ် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက  ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့်  သာသနာ့ဝန်ထမ်း တစ်ဦး၊ နိုင်ငံ့ဝန်ထမ်း ၁၉ ဦး၊  အခြားဝင်ငွေရှိသော  လုပ်ငန်း လုပ်ကိုင်သူ ၁၀၃ဝ၊ စားသောက်ကုန်နှင့်ဈေးသည် ၂၆ဝ၊    မှီခိုသူ  ၁၅ဝ၆ ဦး၊   NGO ဝန်ထမ်း  နှစ်ဦး  စုစုပေါင်းလူဦးရေ  ၂၈၁၈ ဦးအား  ဆက်လက်ထိုးနှံ ပေးခဲ့ပြီး   ဒီဇင်ဘာ ၂၄ ရက်ထိ  ကာကွယ်ဆေးထိုးနှံ ပြီးစီးသူ    ၉ဝ၂ဝ   အား   ကျန်းမာရေးဝန်ကြီးဌာန ၏  လမ်းညွှန်ချက်များနှင့်အညီ    ထိုးနှံပေးနိုင်ခဲ့ပြီး   ကျန်ရှိသူများကိုလည်း   ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။ 


ခရိုင်(ပြန်/ဆက်)