
မောင်တော မတ် ၂၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝေသာလီရပ်ကွက် အလယ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ကျေးရွာတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ လက်ထောက်ညွှန်ကြား ရေးမှူး ဦးမောင်အေးသိန်းနှင့် တာဝန်ရှိသူများက ဖွင့်ပွဲအခမ်း အနား အမှတ်တရ အလံငယ်များ ကို တာဝန်ရှိသူများထံ ပေးအပ်ပြီး လမ်းသစ်အား ရခိုင်ပြည်နယ် လှုမှုရေးရာဝန်ကြီး ဦးအောင်မျိုး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး ကျော်သူဝင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်အေးသိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် လမ်းသစ်အား တာဝန်ရှိသူများက လှည့်ပတ် ကြည့်ရှုကြသည်။
အဆိုပါ ဝေသာလီရပ်ကွက် အလယ်လမ်းသစ်အား ဒေသခံ များ၏ တင်ပြချက်များအရ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ၏ လမ်းညွှန်မှုဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီမံကိန်းလျာထား ခဲ့ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေမှ ခွင့်ပြု ရန်ပုံငွေကျပ် ၁၅၈ ဒသမ ၅၆၄ သန်းဖြင့် အလျား ပေ ၁၉၅၀၊ အနံ ၁၂ ပေ၊ အမြင့် ၈ ပေအား ပြည်ဆန္ဒကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)