
နေပြည်တော် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့ရှိ သက်ဆိုင်ရာဌာနများမှ အစိုးရ ဝန်ထမ်းများကို စစ်မှုထမ်းဥပဒေ အရ ဌာနတစ်ခုလျှင် ဝန်ထမ်း နှစ်ဦးစီ စစ်မှုထမ်းရန်အတွက် ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင် စာရင်းပေးရမည် ဖြစ်ကြောင်း ကောလာဟလသတင်းအမှားများ ကို တရားမဝင်ပြည်ဖျက်မီဒီယာ အချို့က အများပြည်သူအထင် အမြင်လွဲမှားဖွယ် ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
ထိုသို့ တရားမဝင်ပြည်ဖျက် မီဒီယာအချို့က ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်ပြီး လူငယ် လူရွယ်များနှင့် မိဘပြည်သူများ အပြင် နိုင်ငံ့ဝန်ထမ်းများကိုပါ စိုးရိမ်ထိတ်လန့် စေရန်အတွက် လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ကောလာဟလသတင်း အမှားများ၊ လုပ်ကြံဝါဒဖြန့် သတင်းများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေလျက်ရှိသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ ပြဋ္ဌာန်းချက်များသည် မြို့နယ်တစ်ခု၊ ကျေးရွာတစ်ရွာ စသည့် တစ်ဦးတစ်ယောက် တစ်မြို့တည်းကိုသာ သက်ရောက် မှု ရှိခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ မြို့ရွာများမှ အကျုံးဝင်သူအားလုံး နှင့် သက်ဆိုင်သော ဥပဒေပြဋ္ဌာန်း ချက်ဖြစ်သည့်အတွက် ကောလာ ဟလသတင်းများကို ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရန် နှင့် သိရှိနားလည်စေရန်အတွက် လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့သို့ ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါကြောင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကို နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာ လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်