မြောင်းမြမြို့၌ ကွဲကွာပျောက်ဆုံးနေသော မိသားစုကို ရှာ​ဖွေစုံစမ်းနိုင်ရန် အသိပညာပေးဆောင်ရွက်

 

မြောင်းမြ    သြဂုတ်    ၃၀


ဧရာဝတီတိုင်း   ဒေသ ကြီး          မြောင်းမြမြို့ ၌        မြောင်းမြခရိုင်       ကြက်ခြေနီ   တပ်ဖွဲ့မှူး ဦးစန်းဝင်း      ဦးဆောင် ၍  သြဂုတ် ၃၀ ရက်တွင်   ကျရောက်သော အပြည် ပြည်ဆိုင်ရာ ပျောက်ဆုံး သူများနေ့ (International Disappea-rance Day)တွင် ကွဲကွာပျောက်ဆုံးနေ သော    မိသားစုကို    ရှာဖွေစုံစမ်းပြီး      ပြန်လည်ဆက်သွယ်ပေးရေး အသိပညာ ပေးလုပ်ငန်းကို  ယနေ့  နံနက်ပိုင်းက ဆောင်ရွက်သည်။

 


အပြည်ပြည်ဆိုင်ရာ  ပျောက်ဆုံးသူများ နေ့တွင် ကွဲကွာပျောက်ဆုံးနေပြီး မိသားစု ဝင်များနှင့် အဆက်အသွယ် ပြတ်တောက် နေသူများကို အဆက်အသွယ် ပြန်လည် ရရှိစေရန် ရည်ရွယ်ပြီး ခရိုင်နှင့်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ     ကြက်ခြေနီ တပ်ဖွဲ့ဝင်များက လူစည်ကားရာ နေရာ များ၊ ဌာနဆိုင်ရာ ကြော်ငြာဘုတ်များတွင်   အသိပညာပေးပိုစတာများ   ကပ်ခြင်း၊ လက်ကမ်းစာစောင်များ      ဖြန့်ဝေခြင်း တို့ကို  ဆောင်ရွက်သည်။


မြောင်းမြ(ခရိုင်ပြန်/ဆက်)