မြောင်းမြ ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ၂၀၂၂ ခုနှစ် ဇူလိုင် ၃ ရက်တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မြောင်းမြခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ရတနာသိင်္ဂီသီလရှင် စာသင်တိုက် တွင် ဝတ်စုံများလှူဒါန်းခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာ ရေးအသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်း၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ က သီလရှင်ဆရာကြီး/ဆရာလေးများအား သီလရှင်ဝတ်စုံ အစုံ ၄၀ လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော သီလရှင်ဆရာလေး များကို ဂုဏ်ပြုဆုများ လှူဒါန်းကြောင်း သိရသည်။
ထို့နောက် သီလရှင်ဆရာကြီး ဆရာလေးများကို နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာစိုးသက်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါက်တာ လှလှဝင်းတို့က ကျန်းမာရေးအသိပညာပေးအကြောင်းများ ကို ဟောပြောကြသည်။
ဆက်လက်၍ တိုင်း၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များက ရတနာသိင်္ဂီဘုန်းတော်ကြီးသင် မူလတန်း ကျောင်းတွင် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ထောက်ပံ့ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)



