
မြောင် ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလတွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် ဖွားစောကျေးရွာ အုပ်စု ဆွဲလဲအိုကျေးရွာရှိ လယ် ယာမြေဧက ၁၅၀၀ မှ လယ်ယာ ထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ် ၍ ကျေးလက်ကုန်ထုတ်လမ်း တစ်လမ်းနှင့် ကျောက်စီရေကျော် နှစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း မြောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ဆွဲလဲအိုကျေးရွာတွင်အရှည် ၁/၀၄၂၄ မိုင်၊ မြေသားအကျယ် ၁၂ပေ၊ ထု ၁ ပေ၊ ဂျင်းကျောက် အကျယ် ၁၂ပေ၊ ထု ၉ လက်မ ခင်းခြင်း၊ ကျောက်စီရေကျော်နှစ်ခု တည်ဆောက်ခြင်း လုပ်ငန်းများ ကို ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက် လတာကာလတွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၄၅သန်းကျော် ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများက တာဝန်ယူဆောင် ရွက်သွားမည်ဖြစ်ပြီး အဆိုပါ ကျေးရွာရှိ ကုန်ထုတ်လမ်းနှင့် ကျောက်စီရေကျော် နှစ်ခု တည် ဆောက်ပြီးစီးသွားပါက ကျေးရွာ ရှိအိမ်ခြေ ၃၆ ၀မှ လူဦးရေ ၁၆၁၆ ဦးတို့၏ လယ်ယာမြေဧက ၁၅၀၀ မှ လယ်ယာထွက်ကုန် များ စျေးကွက်သို့ အချိန်မီ ရောက်ရှိတော့မည် ဖြစ်ကြောင်း မြောင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုက ပြောပြသည်။
အဆိုပါ ကျေးလက်ကုန်ထုတ် လမ်းနှင့် ကျောက်စီရေကျော် နှစ်ခု တည်ဆောက်နိုင်ရေးအတွက် မြောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုနှင့် ဝန်ထမ်းများကကျေးရွာ ကုန်ထုတ် လမ်း ဖြစ်မြောက်ရေး ကော်မတီ ဝင်များနှင့်အတူ ကုန်ထုတ်လမ်း ဖောက်လုပ်မည့် မြေပြင်အခြေ အနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးတိုင်း တာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ငြိမ်းသူ