
နေပြည်တော် အောက်တိုဘာ ၂၃
အရှေ့တောင်တိုင်းစစ်ဌာနချုပ် မော်လမြိုင်တပ်နယ်(သတ္တမအကြိမ်) အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် သန္တိသုခဓမ္မာရုံ၌ ပြုလုပ်ရာ မော်လမြိုင်မြို့ ကော့ခနိရွှေကျောင်းတိုက် ပဓာနနာယက ဆရာတော်မြို့နယ်သံဃာ့ဝန်ဆောင် ဘန္ဒန္တသုမန အမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မော်လမြိုင်မြို့ ကော့ခနိ ရွှေကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည် ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာ တော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကော့ခနိ ရွှေကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော် များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်