မော်လမြိုင်မြို့ရှိ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းရှိ သင်တန်းသား သင်တန်းသူများအတွက် စားသောက်စရိတ်ထောက်ပံ့လှူဒါန်းမှုနှင့် သင်ထောက်ကူပစ္စည်းပေးအပ်ပွဲ ကျင်းပ

 

မော်လမြိုင်    ဇွန်   ၂၉


နှစ် (၁၀၀)  ပြည့်   အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို  ဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့၌   ဖွင့်လှစ် လျက်ရှိသည့်      သမဝါယမစာရင်းရေး၊  စာရင်းကိုင်    သက်မွေးပညာသင်တန်း ကျောင်းတွင် သင်တန်းတက်ရောက်လျက် ရှိသည့်     သင်တန်းသား  သင်တန်းသူ ၆၅  ဦးအတွက်  မွန်ပြည်နယ်အတွင်းရှိ သမဝါယမအသင်းများက         စားသောက် စရိတ် ထောက်ပံ့လှူဒါန်းခဲ့ခြင်းအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်ထောက်ကူ ပစ္စည်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သက်မွေးပညာသင်တန်း ကျောင်းခန်းမ(ရာမညဆောင်)၌ ကျင်းပ သည်။

 


အခမ်းအနားတွင် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက   အမှာစကား ပြောကြားပြီး သင်တန်းသား သင်တန်းသူ များ၏ နေ့စဉ်စားသောက်စရိတ်အတွက် မွန်ပြည်နယ်အတွင်းရှိ   ပြည်နယ်အသင်းစု ချုပ်၊ မြို့နယ် ၁၀ မြို့နယ်မှ သမဝါယမ အသင်းစုများနှင့် အခြေခံအသင်းများမှ ငွေကျပ် ၂၂၅ ဒသမ ၃၁ သိန်း ပေးအပ် လှူဒါန်းခဲ့ခြင်းအပေါ် ဂုဏ်ပြုမှတ်တမ်း လွှာများအား        လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့်  ပြည်နယ်အဆင့်    ဌာနဆိုင်ရာ တာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်ရာ  အသင်းဥက္ကဋ္ဌများက  လက်ခံရယူသည်။

 


ဆက်လက်ပြီး သင်တန်းကျောင်းတွင် တက်ရောက်   ပညာသင်ကြားနေသော သင်တန်းသား သင်တန်းသူများအတွက်        သင်ထောက်ကူပစ္စည်းများကို   ပြည်နယ် ဦးစီးမှူး ဒေါ်ခင်မာအေးက  ပေးအပ်ရာ ကျောင်းသားကိုယ်စားလှယ်များက လက်ခံ ရယူသည်။ ထို့နောက် ကျောင်းအုပ်ကြီးက စားသောက်စရိတ်နှင့် သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းခဲ့ခြင်းအပေါ်   ကျေးဇူး တင်စကား ပြောကြားသည်။

 

အဆိုပါ  သင်တန်းကျောင်းကို  ဇွန် ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်း သား သင်တန်းသူ ၆၅ ဦး တက်ရောက် လျက်ရှိရာ သင်တန်းကာလမှာ နှစ်နှစ် ဖြစ်သည်။ အဆိုပါသင်တန်းကျောင်းကို ပညာဆက်လက်သင်ယူရန်   အခက်အခဲ ရှိသူများအား  စာရင်းရေး၊   စာရင်းကိုင် ပညာဖြင့်   အသက်မွေးဝမ်းကျောင်းပြုနိုင် စေရန်နှင့်    သင်တန်းသားများအနက်   ထူးချွန်သူများကိုရွေးချယ်၍   သမဝါယမ ကောလိပ်များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်များသို့    ပေါင်းကူး၍ ပညာဆက်လက် သင်ယူနိုင်သည့်  အခွင့် အလမ်းများဖန်တီးပေးရန်    ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


သတင်းစဉ်