
မော်လမြိုင် ဇူလိုင် ၂၂
မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက် ၌ ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး အထက(၅) ကျောင်း၏ အုတ် တံတိုင်းပြိုကျကာ လူငါးဦးသေဆုံး၍ တစ်ဦး ဒဏ်ရာရမှုဖြစ်ပွားကြောင်း သိရသည်။
အုတ်တံတိုင်းပြိုကျမှုကြောင့် တံတိုင်း အနီး လက်ဖက်ရည်ဆိုင်ရှိ အမျိုးသား နှစ်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ငါးဦး သေဆုံးပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ခြင်းဖြစ်သည်။ အုတ်တံတိုင်း ပြိုကျမှု ဖြစ်ပွားရာသို့ မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်/ မြို့နယ် မီးသတ်စခန်း တို့မှ အုပ်ချုပ်မှုယာဉ် နှစ်စီး၊ ရှာဖွေကယ်ဆယ် ရေးယာဉ် နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီ ရေးအဖွဲ့များပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ပြီး သေဆုံးဒဏ်ရာရသူ များအား ကယ်ဆယ်ရေးအသင်းမှ ယာဉ်များ ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့သည်။
အဆိုပါ မြေပြိုမှုဖြစ်စဉ် ဖြစ်ပွားရာသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရ သည်။
ခရိုင် (ပြန်/ဆက်)