
နေပြည်တော် ဒီဇင်ဘာ ၅
မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင် တိုင်းစစ်ဌာနချုပ်ရှိ ရဟတ်ယာဉ်ထားရှိရာ နေရာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ်များ ထိခိုက်ပျက်စီးမှုရှိသည်ဟု တရားမဝင်ပြည်ဖျက် မီဒီယာများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရ သည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက်သမား များက ဒရုန်းဖြင့် ရမ်းသန်းတိုက်ခိုက်ထွက်ပြေးသွား ကြောင်း၊ လူ၊ အဆောက်အဦနှင့် ဝေးကွာသောနေရာ တွင် ကျရောက်ခဲ့ပြီး လူ၊ အဆောက်အဦနှင့် ယာဉ် များ ထိခိုက်မှုမရှိကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။
အကြမ်းဖက်သမားများက မြို့၊ ရွာများကို အလစ် အငိုက် ဝင်ရောက်တိုက်ခိုက်လာပြီး အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေချိန်တွင် မြို့ပြများ၌ အေးချမ်းတည်ငြိမ်နေသည်ကို မလိုလားသည့် တရား မဝင်ပြည်ဖျက်မီဒီယာအချို့မှ မီဒီယာကျင့်ဝတ်များ ကို လိုက်နာစောင့်ထိန်းမှုမရှိဘဲ မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်