
မော်လမြိုင်ကျွန်း ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ၂၀၂၀ - ၂၀၂၁ ခုနှစ် အင်းလေလံနှင့် ပိုက်ချက်တင်ဒါများ(တတိယအကြိမ်) လေလံရောင်းချ ခြင်းအခမ်းအနားအား မော်လမြိုင်ကျွန်းမြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနမှူးရုံးတွင် ဇွန် ၂၈ ရက်က ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များ ကြီးကြပ်၍ လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ဝါဝါသိန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်နှင်းရီစိုးနှင့် လေလံဆွဲ ဝယ်ကြသည့် အင်းလုပ်သားကြီးများ တက်ရောက်ကြသည်။
အင်းဂရန်ပေါင်း ၃၅ အင်းအတွက် အခွန်ငွေကျပ်သိန်း ၉၂ ဒသမ ၅၀ ၊ တင်ဒါချက် ၉၅ ချက်၏ ချက်ခွဲ ၃၂၂ အတွက် တင်ဒါအခွန် ငွေကျပ်ပေါင်း ၄၆၆ ဒသမ ၀၆ သိန်းဖြင့် ရောင်းချခဲ့ပြီး ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးက ရေလုပ်သားများအား ငါးသံယဇာတ ထိန်းသိမ်းရေး ပညာပေးဟောပြောကြောင်း သိရသည်။
သတင်းစဉ်