
မော်လိုက် ဧပြီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ပွဲအခမ်းအနားကို ဧပြီ ၂၀ ရက်က ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်း အနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များ တက်ရောက်သည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အမှာ စကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဦးစီးမှူး ဒေါ်သန်းသန်းမြင့်က စီမံကိန်းရန်ပုံငွေလည်ပတ်မှု အခြေအနေနှင့် ကဏ္ဍအလိုက် ချေးငွေထုတ်ချေးထားမှုအခြေအနေ၊ တွေ့ကြုံရသော အခက်အခဲများနှင့် စီမံဆောင်ရွက်မှုအခြေအနေများ၊ ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ရန်ပုံငွေဆုံးရှုံးမှုလျော့နည်းစေရေး သုံးသပ် ဆွေးနွေးရန်အချက်များကို ဆွေးနွေးတင်ပြသည်။ ထို့နောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ခရိုင်အတွင်း မြစိမ်းရောင်ကျေးရွာ စီမံကိန်းအပေါ်သုံးသပ်အကြံပြုဆွေးနွေးသည်။
မော်လိုက်ခရိုင်အတွင်း၌ မြစိမ်းရောင်စီမံကိန်း ကျေးရွာ ၂၃၅ ရွာ ရှိသည့်အနက် ကျေးရွာ ယူနစ် ၅၇ယူနစ် ဆောင်ရွက်လျက်ရှိပြီး ၂၄ ဒသမ ၅ ရာခိုင်နှုန်းလွှမ်းခြုံလျက်ရှိကြောင်း၊ ခရိုင်အတွင်းစီမံကိန်းကိုကဏ္ဍအလိုက်ထုတ်ချေးဦးရေ ၇၅၀၈ ဦးအား ၂၅၉၃ဒသမ၂၅ သန်း ဖြင့် လုပ်ငန်းများလည်ပတ်လျက်ရှိကြောင်း သိရသည်။
ဇော်ဘီ (မြန်မာ့အလင်း)