
မော်လိုက် ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ အစိုးရ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မော်လိုက်မြို့ မြို့တော်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့ရှိ အစိုးရဝန်ထမ်းနှင့် ဝန်ထမ်း မိသားစု ၃၉၈ ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူစုလူဝေးမဖြစ်ပေါ်အောင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ သတ်မှတ်ကာ သုံးရက် ကြာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ပထမနေ့တွင် အစိုးရဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၁၀၃ ဦးကို ထိုးနှံပေး နိုင်ခဲ့ကြောင်း ခရိုင်ဆရာဝန်ကြီးထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဦးဆောင်၍ ခရိုင်/မြို့နယ် ထွေ/အုပ်ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် နယ်မြေခံတပ်ရင်းများမှ ဆရာဝန်၊ ဆရာမများ ပူးပေါင်းကာ ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးခြင်း များကို ဆောင်ရွက်ခဲ့ကြသည်။ ပုံမှန်အခြေအနေရှိမှ သာ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ ကြပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ နားနေစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး