
မြောက်ဦး မတ် ၁၈
ရခိုင်ပြည်နယ် မြောက်ဦးမြို့အတွင်းရှိ ရခိုင်ရှေး ဟောင်းသမိုင်းဝင် ယဉ်ကျေးမှုနယ်မြေအတွင်းရှိ အထင်ကရစေတီပုထိုးတစ်ခုဖြစ်သော ကိုးသောင်း ပုထိုးတော်ကြီး ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကိုးသောင်းပုထိုး တော်ကြီးရင်ပြင်၌ ကျင်းပခဲ့သည်။
အဆိုပါ ဖွင့်ပွဲသို့ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ များ၊ တာဝန်ရှိသူများ၊ ကိုးသောင်း ဘုရားဂေါပက ဥက္ကဋ္ဌ ဦးမောင်ညွန့်နှင့် အဖွဲ့ဝင်များ၊ မြိုမိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်၊၊
ထို့နောက် ပထမအကြိမ် ကိုးသောင်းပုထိုး တော်ကြီး ဗုဒ္ဓပူဇနိယပွဲတော်သို့ ကြွရောက် တော်မူလာသော ဆရာတော် သံဃာတော် အရှင် သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွက်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကြွရောက်လာသည့် ပရိသတ်များက ဩကာသ ကထာဖြင့် ကန်တော့ကြကာ အောင်မင်္ဂလာ ကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တပညာသာမိထံမှ ပရိသတ်များ က ငါးပါးသီလ ဆောက်တည်ကြသည်၊၊ ယင်းနောက် သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ပရိတ်ပဋ္ဌာန်း ဒေသနာ တော်မြတ်အား ဟောကြားချီးမြှင့်ပြီး တက်ရောက် လာသူများက သံဃာတော် အရှင်သူမြတ်များ ကို နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြ ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဋတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်၊၊
ရခိုင်ရှေးဟောင်းသမိုင်းဝင် ကိုးသောင်းပုထိုး တော်ကြီးမှာ မြောက်ဦးမြို့ နန်းတော်ရာကုန်း၏ အရှေ့ဘက်တစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိပြီး အေဒီ ၁၅၅၃-၁၅၅၆ ခုနှစ်အတွင်း ရခိုင်ဘုရင် မင်းတိက္ခာ က တည်ထားခဲ့သော ပုထိုးတော်ကြီးဖြစ်သည်။ ကိုးသောင်းပုထိုးတော်ကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် ရခိုင်ရိုးရာ ကျင်ပွဲများဖြစ်သော အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းတို့ဖြင့် ယဉ်ပြိုင်ကြမည် ဖြစ်၍ ရခိုင်ပြည်နယ်အနှံ့မှ ကျင်ဝါသနာရှင်များ လာရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ နှင့် အမျိုးသမီး လွန်ဆွဲပြိုင်ပွဲတို့လည်း ယှဉ်ပြိုင် လျက်ရှိသည့်အပြင် ညပွဲများအဖြစ် အောင်ပွဲစံဇာတ် သဘင်အဖွဲ့မှ ကပြဖျော်ဖြေသွားမည်ဖြစ်ကာ အရုပ်ဆိုင်များ၊ မုန့်ဆိုင်တန်းများနှင့် လေနန်းတော် ကလေးကစားကွင်းတို့ဖြင့် မတ် ၁၈ ရက် မှ ၂၀ ရက် အထိ သုံးညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
မြင့်စိုး
စိုးငြိမ်းနိုင် (ပြန်/ဆက်)