မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်သူလူထုက ဒံပေါက်ဘူးများပေးပို့လှူဒါန်း

 

နေပြည်တော်   နိုဝင်ဘာ   ၃


မြောက်ပိုင်းတိုင်း    စစ်ဌာနချုပ် နယ်မြေနှင့်  အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံ တော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို     စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံ ရေး     တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်    အလှူရှင်များက အလှူငွေများ    ပေးအပ်လှူဒါန်း လျက်ရှိသည့်အပြင် ဒံပေါက်ဘူး များကိုလည်း ပေးပို့လှူဒါန်းလျက် ရှိသည်။


ယနေ့တွင်လည်း စေတနာရှင်  ပြည်သူများက   မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့်    အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း   နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များ    ထမ်း ဆောင်နေသည့်    လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက် ဒံပေါက်ဘူးများ ကို      ပေးအပ်လှူဒါန်းကြသည်။ အဆိုပါ   စေတနာရှင်ပြည်သူများ လှူဒါန်းသည့်  ဒံပေါက်ဘူးများကို ရန်ကုန်မြို့မှတစ်ဆင့်  မြစ်ကြီးနား မြို့နှင့် လားရှိုးမြို့သို့   တပ်မတော် လေယာဉ်များဖြင့်  ပို့ဆောင်ပေးရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။


စေတနာရှင်       ပြည်သူများ လှူဒါန်းသည့်   ဒံပေါက်ဘူးများနှင့် အတူ      ရဟန်းသံဃာများနှင့် ပြည်သူများက     ရေးသားပေးပို့ သည့်  “တပ်မတော်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း စေကြောင်း၊       ဘေးအန္တရာယ် ကင်းရှင်းစေကြောင်း၊  တရားသော စစ်       အောင်မြင်ပါစေကြောင်း” စသည့်       ဆုတောင်းမေတ္တာ စာလွှာများပါရှိကြောင်း     သိရှိရ သည်။


အဆိုပါ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်     ရောက်ရှိ လာသည့်         ဒံပေါက်ဘူးများကို  တာဝန်ရှိသူများက     လုံခြုံရေး တပ်ဖွဲ့ဝင်များ၏      လက်ဝယ် အရောက် လိုက်လံပို့ဆောင်ပေးခဲ့ ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်