မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေး ကျင်းပမည်

ဂျီနီဗာ  ဇန်နဝါရီ  ၁၉


ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ပြီးခဲ့သည့်                 ရက်ပိုင်းအတွင်းက မြောက်ကိုရီးယားနိုင်ငံ      ပြုလုပ်ခဲ့သည့် ဒုံးကျည်စမ်းသပ်    ပစ်လွှတ်မှုများနှင့် စပ်လျဉ်း၍    ဇန်နဝါရီ  ၂၀  ရက်တွင် အရေးပေါ်အစည်းအဝေး   ကျင်းပရန်    စီစဉ်လျက်ရှိကြောင်း ယနေ့အင်န်အိတ်ချ် ကေ  သတင်းတစ်ရပ်အရ သိရသည်။
ဒုံးကျည်ခြောက်စင်း ပစ်လွှတ်ခဲ့


မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ် အစပိုင်းမှစတင်ကာ       ဂျပန်ပင်လယ် အတွင်းသို့ဦးတည်၍  စုစုပေါင်းဒုံးကျည် ခြောက်စင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဇန်နဝါရီ ၁၇ ရက်က ပစ်လွှတ်ခဲ့သည့်     ဒုံးကျည်များသည်  နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်များဖြစ်ကြောင်းလည်း   မြောက်ကိုရီးယား နိုင်ငံက အတည်ပြုပြောကြားသည်။


ယင်းသို့ မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်များပစ်လွှတ်မှုသည်  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်း            ဖြစ်သည့်အတွက် အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အခြား သောနိုင်ငံများက   မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုကို ပြစ်တင် ရှုတ်ချခဲ့ကြောင်းသိရသည်။


ထို့ပြင် အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ နှင့် ပြင်သစ်နိုင်ငံအပါအဝင် နိုင်ငံအများ အပြားက    ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး       ကျင်းပရန် တောင်းဆိုခဲ့ကြောင်း        ကုလသမဂ္ဂ သံတမန်ရေးဆိုင်ရာ သတင်းအရင်းမြစ် များက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြား သည်။ 


ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဇန်နဝါရီ  ၅  ရက်ကလည်း မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုနှင့် စပ်လျဉ်း၍     အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။


 ကိုးကား - အင်န်အိတ်ချ်ကေ ဘာသာပြန် - အလင်းသစ်