မြောက်ကိုရီးယားအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန် မြန်မာ့လက်ရွေးစင်အသင်း လာအိုနိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်  ဇွန်  ၈
၂၀၂၆ ကမ္ဘာ့ဖလား   အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ   အုပ်စု နောက်ဆုံးပွဲအဖြစ် မြောက်ကိုရီး ယားအသင်းနှင့်    ကြားကွင်း ယှဉ်ပြိုင်ကစားရန်      မြန်မာ့ လက်ရွေးစင်အသင်းသည်   ဇွန် ၈ ရက်က လာအိုနိုင်ငံ   ဗီယန် ကျင်းမြို့သို့ ထွက်ခွာသွားသည်။
မြောက်ကိုရီးယားအသင်း သည် အိမ်ကွင်းပွဲများကို လက်ခံ ကျင်းပနိုင်ခြင်းမရှိသဖြင့် ဇွန် ၆ ရက်က ကစားသည့် ဆီးရီးယား အသင်းနှင့်ပွဲ၊  ဇွန် ၁၁ ရက်တွင် ကစားမည့်    မြန်မာအသင်းနှင့် ပွဲများကို       လာအိုနိုင်ငံ၌ ပြောင်းလဲကျင်းပခြင်းဖြစ်သည်။ မြောက်ကိုရီးယား    အသင်းနှင့် မြန်မာအသင်းပွဲကို ဇွန် ၁၁ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ကျင်းပမည်ဖြစ်သည်။ အုပ်စု (ခ) တွင် ဂျပန်အသင်းက ငါးပွဲစလုံး အနိုင်ရကာ ရမှတ် ၁၅ မှတ်ဖြင့် နောက်တစ်ဆင့် တက်ရောက်သွား ပြီး ဆီးရီးယားအသင်းက ခုနစ် မှတ်၊ မြောက်ကိုရီးယားအသင်းက ခြောက်မှတ်၊  မြန်မာအသင်းက တစ်မှတ် ရရှိထားသည်။ မြောက် ကိုရီးယားအသင်းသည် မြန်မာ အသင်းကို    အနိုင်ကစားနိုင်ပါ က အုပ်စုဒုတိယနေရာရယူနိုင်ရန် မျှော်လင့်ချက်ရှိနေသည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဖိုက်အွန်ဘိုင်နာသည် မြောက်ကိုရီးယား   အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်     အုပ်စု နောက်ဆုံးပွဲအတွက် ကစားသမား ၂၄ ဦး ခေါ်ဆောင်သွားပြီး ဂျပန် အသင်းနှင့်ပွဲအတွက်    ရွေးချယ် ထားသည့်  ကစားသမား ၂၃ ဦးကို အပြောင်းအလဲအချို့   ပြုလုပ်ခဲ့ သည်။ မြန်မာ့လက်ရွေးစင်အသင်း သည် ပွဲမတိုင်မီ သုံးရက်ကြိုတင်သွားရောက်ခြင်းဖြစ်ပြီး ဂျပန်နှင့် ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ကျခံထားရ သည့် နည်းပြချုပ် ဖိုက်အွန်ဘိုင်နာ ကွင်းအတွင်း ပြန်လည်ကြီးကြပ်ခွင့်ရမည်ဖြစ်သလို  နောက်တန်း အစွန်လူ    ဟိန်းဖြိုးဝင်းလည်း ပြန်လည်ကစားခွင့်ရမည်    ဖြစ် သည်။      မြန်မာအသင်းသည် မြောက်ကိုရီးယား    အသင်းနှင့်   ပထမအကျော့အိမ်ကွင်း၌ တွေ့ဆုံ ခဲ့စဉ်က ခြောက်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။          

ရဲရင့်လွင်
ဓာတ်ပုံ-သော်လေး