
နေပြည်တော် မတ် ၂၅
မော်စကိုအပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲ MITT ကို မတ် ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြုပြခန်းအား ခရီးသွား လုပ်ငန်းရှင်များအသင်းမှ တာဝန်ယူ၍ သွားရောက်ပြသခဲ့သည်။ ပြပွဲ အတွင်း မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းမှ ပူးပေါင်းဆောင်ရွက်မှုအကျိုး ဖြစ်ထွန်းမှုအရှိဆုံးဆု (Fruitful Cooperation Award) ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက သိရှိရသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ ဆုတံဆိပ် လက်မှတ်များလွှဲပြောင်းပေးအပ်ခဲ့ကြသည်။ သီရိ