
မြစ်ကြီးနား နိုဝင်ဘာ ၈
ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြ ဆရာသစ်လွင်ကြိုဆိုပွဲ၊ မွမ်းမံ သင်တန်းဖွင့်ပွဲ အခမ်းနားနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များသို့ တက်ရောက်ပညာ သင်ကြားကြ မည့် ကျောင်းသားကျောင်းသူများ အား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၈ ရက် တွင် ကျင်းပသည်။
မြစ်ကြီးနား တက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာသစ်လွင် များအား ကြိုဆိုပွဲအခမ်းအနား တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်က အမှာစကားပြောကြား သည်။ ထို့နောက် မြစ်ကြီးနား တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ဆရာ သစ်လွင်များအား ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားပြီး နိုဝင် ဘာ ၈ ရက်မှ ဒီဇင်ဘာ ၃ ရက် အထိ မွမ်းမံသင်တန်း တက် ရောက်ကြမည့် ဆရာသစ်လွင် ၇၇ ဦးတို့အား ဒုတိယပါမောက္ခ ချုပ်၊ ဘာသာရပ်ဆိုင်ရာပါမောက္ခ များ၊ စီမံ၊ သင်တန်းအရာရှိများက နှုတ်ဆက်ကြိုဆိုကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ပြည်နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ က ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေး လုပ်ငန်းများနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များသို့ တက်ရောက် ကြမည့် ကျောင်းသားကျောင်းသူ များအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် တာဝန်ရှိသူများ တက်ရောက် သည်။
အလားတူ ပြည်နယ်ဝန်ကြီး ချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်နှင့် ပူတာအိုခရိုင် တို့မှ တင်ပြလာသည့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် အောက်တိုဘာလမှ မတ်လအထိ (၆)လပတ်ကာလ ဒေသပေါက် ဈေးနှုန်းများအား အတည်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေး ပွဲကို လည်းကောင်း၊ ကချင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ၏ (၇/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေး ညီ ဆောင်ရွက်နိုင်ရေးနှင့်ပြည်နယ် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်း စီမံကိန်းများနှင့် ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)