မြစ်ကြီးနားမြို့၌ သီတင်းကျွတ်အခါသမယ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ပြုသူများနှင့် ပန်းခြံတို့တွင် အပန်းဖြေလာသူများဖြင့် စည်ကား

 

မြစ်ကြီးနား  အောက်တိုဘာ   ၂၁


ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)     အပါအဝင် သီတင်းကျွတ်    ရုံးပိတ်ရက်များ တွင်         ဘုရားစေတီပုထိုးများ ၌   ကုသိုလ်ကောင်းမှုပြုသူများ၊ အပန်းဖြေပန်းခြံများတွင် ရောင်စုံ မီးအလှများထွန်းညှိ၍ လူအများ ဖြင့် အောက်တိုဘာ ၁၉ ရက်နှင့်  ၂၀ ရက်တို့တွင်    အေးချမ်းစွာ စည်ကားသိုက်မြိုက်လျက်ရှိသည်။

 


မြစ်ကြီးနားမြို့ရှိ      သမိုင်းဝင် ဆုတောင်းပြည့်   စေတီတော်၊ သကျမာရဇိန်  အံတော်ရှင်စေတီ တော်နှင့်     ပမ္မတီးရပ်ကွက်ရှိ  အောင်ဇေရန်အောင်စေတီတော် တို့တွင် သီတင်းကျွတ်လပြည့်နေ့ ဗုဒ္ဓဘာသာတို့၏ ဓလေ့ထုံးတမ်း များနှင့်အညီ   ဆီမီးပူဇော်ခြင်း၊   ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း များကို      ဒေသခံပြည်သူများ လာရောက် ကုသိုလ်ကောင်းမှုပြု ကြပြီး အဆိုပါ စေတီပုထိုးများ တွင်   ပြည်နယ်/ ခရိုင်/   မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊      မိခင်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုး သမီးရေးရာအဖွဲ့မှ ဆီမီး ၁၀၀၀ ဖြင့် ထွန်းညှိပူဇော်ကြသည်။

 


အလားတူ မြစ်ကြီးနားမြို့၌ အများပြည်သူအပန်းဖြေနေရာ တစ်ခုဖြစ်သည့် ဧရာဦး ပန်းခြံနှင့် ပြည်သူ့ရင်ပြင်တွင်  ရောင်စုံ LED မီးများ အလှဆင်ဆောင်ရွက်ထား မှုကို အများပြည်သူများ ပျော်ရွှင် စွာ   လာရောက်အပန်းဖြေလျက် ရှိရာ ကိုဗစ်-၁၉ စည်းကမ်းများ နှင့်အညီ ပျော်ရွှင်နိုင်ရေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်း များက နှာခေါင်းစည်းများ ဖြန့်ဝေ ခြင်း၊      လက်ဆေးဘေစင်များ ထားရှိပေးခြင်းတို့ကို   ဆောင်ရွက် ပေးလျက်ရှိကြောင်း     သိရှိရသည်။      

 ပြည်နယ်(ပြန်/ဆက်)