မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ၏ ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပ

 

မြစ်ကြီးနား   ဒီဇင်ဘာ   ၄


ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ စာပေနှင့် ယဉ် ကျေးမှုအသင်းက   ဦးစီးကျင်းပ သည့် ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲ ကို ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီ ခွဲတွင် ခေမာသီရပ်ကွက်ရှိ  ရှမ်း မျိုးနွယ်စုများ ဓမ္မာရုံတွင် ကျင်းပ သည်။

 


ရှမ်းနှစ်သစ်ကူးပွဲ အခမ်းအနား တွင်   ရှမ်းတိုင်းရင်းသား လူငယ် မောင်မယ်များက      ရှမ်းရိုးရာ တေးသီချင်း သီဆိုဖျော်ဖြေကြပြီး ပြည်နယ်   တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်က   ကိုဗစ် ကာလဖြစ်သော်လည်း စည်းကမ်း ချက်များနှင့်အညီ ပြည်နယ်အတွင်း ရှိ ရှမ်းမျိုးနွယ်စု ငါးစု၏  စုစည်း ညီညွတ်မှုဖြင့် နှစ်သစ်ကူးပွဲတော် ကို ကျင်းပနိုင်သည့်အတွက် ဂုဏ် ယူမိပါကြောင်း၊ ယခုလိုနှစ်သစ်ကူး ပွဲတော်မျိုးသာမက  ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း များတွင်လည်း   မိမိတို့   ကချင် ပြည်နယ်အစိုးရအဖွဲ့    အနေဖြင့် အခြားတိုင်းရင်းသားများနည်းတူ ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း  ပြောကြားသည်။

 


ထို့နောက်    မြန်မာနိုင်ငံလုံး ဆိုင်ရာ   ဗဟိုရှမ်းစာပေနှင့်  ယဉ် ကျေးမှုအသင်းဥက္ကဋ္ဌက   ကချင် ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်း သားများ၏   နှစ်သစ်ကူးပွဲတော်  ကျင်းပမှုအတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြားသည်။ ယင်းနောက် တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုဦးစီးဌာန ပြည်နယ် တာဝန်ခံ ဒေါ်အိအိအေးက ဦးစီး ဌာနမှ   တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုများ ဖော်ထုတ်  ထိန်းသိမ်းနိုင်ရေး       ပံ့ပိုးကူညီ ဆောင်ရွက်နေမှုများကို  လည်း ကောင်း၊   ပြည်နယ်ရှမ်းမျိုးနွယ်စု များ စာပေနှင့်ယဉ်ကျေးမှုအသင်း  ဥက္ကဋ္ဌ ဒေါ်နန်းခင်ပြုံးရီက နှစ်သစ် ကူးပွဲတော် ကျင်းပရခြင်းနှင့် ရှမ်း  တိုင်းရင်းသားတို့၏ သမိုင်းအစဉ် အလာ ဖြတ်သန်းလာမှုကို လည်း ကောင်း ပြောကြားကြသည်။

 


ယင်းနောက်       ပြည်နယ် တိုင်းရင်းသားရေးရာ  ဝန်ကြီးက ရှမ်းမျိုးနွယ်စုများ၏ ၂၁၁၆ ခုနှစ် နှစ်သစ်ကူးပွဲအတွက် ထောက်ပံ့ ငွေကျပ်   ငါးသိန်းကို   ထောက်ပံ့ ပေးအပ်ရာ   အသင်း၏   ဒုတိယ ဥက္ကဋ္ဌက    ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


အဆိုပါ ရှမ်းတိုင်းရင်းသား တို့၏ နှစ်သစ်ကူးကို သာသနာနှစ် ၄၅၀ (ဘီစီ-၉၄)တွင် မူအန်မောဝ် တိုင်းပြည်ကို  ပိဋကတ်သုံးပုံနှင့် အတူ ဗုဒ္ဓသာသနာတော် ပင့်ဆောင် ရောက်ရှိသည့်နေ့တွင်  ရှမ်းတို့ အတွက်  ထူးမြတ်သောနှစ်ဖြစ် သဖြင့်   ထိုနှစ်စ၍   ရှမ်းနှစ်ကို စတင်ရေတွက်လာခဲ့ရာမှ    ယခု နှစ်တွင် ရှမ်းတိုင်းရင်းသားတို့၏  နှစ်ဟောင်းကုန်ဆုံး၍ ၂၁၁၆ ခုနှစ် မင်္ဂလာနှစ်သစ်သို့ ရောက်ရှိသည့် နှစ်သစ်ကူးပွဲဖြစ်ကြောင်း  သိရှိရ သည်။      

 ပြည်နယ်(ပြန်/ဆက်)