မြစ်ကြီးနားမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကရာတေးဒိုပြိုင်ပွဲကျင်းပ

 

မြစ်ကြီးနား    ဇန်နဝါရီ   ၂


(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကချင်ပြည်နယ်  အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် မြစ်ကြီးနားမြို့  ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၂  ရက် နံနက် ၉  နာရီတွင်  မနောမြေမိုးလုံလေလုံ  အားကစားခန်းမ၌  ကရာတေးဒိုပြိုင်ပွဲကျင်းပနေမှုကို   ကချင်ပြည်နယ်ဝန်ကြီးချုပ်  ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးသည်။

 


ကရာတေးဒိုပြိုင်ပွဲကို    ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊  ပြည်နယ်ဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများက   ကရာတေးဒိုအဖွဲ့   ဒိုင်ချုပ်နှင့် နည်းပြများ၏   အတိုက်ပြိုင်ပွဲဖြင့်   သရုပ်ပြကစား ပြသမှုနှင့် အသက် (၁၂) နှစ်အောက် အမျိုးသမီးပြိုင်ပွဲ၊  အသက် (၁၂) နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီး  ကရာတေးဒိုပြိုင်ပွဲများ         ကျင်းပနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး     ပြည်နယ်ဝန်ကြီးချုပ်က ဒိုင်အဖွဲ့နှင့် သရုပ်ပြအဖွဲ့များအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

 


ထို့နောက် ညနေပိုင်းတွင် ပြည်သူ့အားကစား ကွင်းအတွင်း  ကျင်းပလျက်ရှိသည့်  အသက်  (၄၀)  နှင့်အထက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမှုကို တက်ရောက်ကြည့်ရှုအားပေးသည်။

 


(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို   မြစ်ကြီးနားမြို့၌   ရေကူး ပြိုင်ပွဲ၊ ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲ၊   ဖူဆယ်ပြိုင်ပွဲ  ၊ ဂျူဒိုပြိုင်ပွဲ၊   အသက်  (၄၀)အထက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ တို့အပါအဝင်  ဇန်နဝါရီ  ၄  ရက်နေ့တွင် ပြည်သူ့ အားကစားကွင်းအတွင်း၌   ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲများ    ကျင်းပသွားမည်ဖြစ်ကြောင်း    ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။


ပြည်နယ် (ပြန်/ဆက်)