
မြစ်ကြီးနား စက်တင်ဘာ ၂၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာ သော မြို့ပြများဖြစ်လာစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ စုပေါင်းသန့်ရှင်း ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ပိုင်းက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် အခြေခံ ပညာ အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ယင်းသို့ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများက ကျောင်းဝင်းအတွင်းနှင့် အပြင်တို့၌ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့မိသားစုများ စုပေါင်း၍ သန့်ရှင်း သာယာလှပရေး သစ်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းနေမှု၊ အမှိုက်များ ကောက်ယူခြင်း၊ ရေနုတ် မြောင်းများ ရေစီးရေလာကောင်းမွန်ရေး တူးဖော် ပေးခြင်း၊ ရေတွင်း/ရေကန်များ သန့်ရှင်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး(အပေါ်ယာပုံ) သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေသူများအား ရေသန့်ဘူးနှင့် မုန့်များ ဝေငှခြင်း၊ ကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့အတွင်း ပြည်ထောင်စုလမ်းမကြီး မှတစ်ဆင့် မော်ဖောင်းကျေးရွာအုပ်စုအတွင်း ဖြတ်သန်း၍ ရှဒေါင်ကျေးရွာအထိ ပြည်နယ်လမ်းဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နန်ပေါင် ရှောင်ကွင်းလမ်း အရှည်ပေ ၈ မိုင် ၃ ဖာလုံ လမ်းပိုင်း အတွင်း ၆ မိုင် ၃ ဖာလုံလမ်းအား ကွန်ကရစ် လမ်းသစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်ချိန် အမီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေး၊ မြို့ရှောင်လမ်းတစ်ခုဖြစ်သော်လည်း ကျေးရွာများ တွင် ဖြတ်သန်းသွားသည့်အတွက် ကျေးလက် ကုန်ထုတ်လမ်းများကိုပါ ဆောင်ရွက်ပေးနိုင်ရေး စနစ်တကျ ကွင်းဆင်းတိုင်းတာ တင်ပြနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ လမ်းပိုင်းနှင့် တစ်ဆက်တစ်စပ်တည်း မော်ဖောင်း ကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေလပ် ဧက ၅၀၀ ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်သွား မည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမြေ နေရာ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ မွေးမြူ ရေးသုတေသနနှင့် သရုပ်ပြခြံတည်ဆောက်မည့် မြေနေရာအပါအဝင် ဌာနဆိုင်ရာများ၏ မြေနေရာ များအား ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က နန်ပေါင်ရှောင်ကွင်းလမ်း၊ အား/ကာသိပ္ပံ ကျောင်းနှင့် ဌာနဆိုင်ရာရုံးများ ပါဝင်လာသည့် အတွက် မော်ဖောင်းကျေးရွာအုပ်စုအတွင်း မြို့ကွက် သစ်ပုံစံဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ရေရှည်အကျိုးဖြစ်ထွန်းလာစေရေးအတွက် ကျေးလက်ကုန် ထုတ်လမ်းများအပြင် ဈေးနှင့်ကျေးလက် ကျန်းမာ ရေးဌာနမြေနေရာများကို လျာထားဆောင်ရွက်နိုင် ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)