မြစ်ကြီးနားမြို့၊ လားရှိုးမြို့နှင့် လောက်ကိုင်မြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်  အောက်တိုဘာ  ၅


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါမြို့ရှိ မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၆၅  ပါးတို့ကို   ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊   အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း၊ ECG စက်ဖြင့်နှလုံးစမ်းသပ်ပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန်  လိုအပ်သည့် သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှု များကို ဒုတိယတိုင်းမှူးနှင့်  တာဝန်ရှိသူများက   သွားရောက်ကြည့်ရှု အားပေးပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းသည်။


အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့  အမှတ်(၇)ရပ်ကွက်ရှိ စိတ္တသုခဘုန်းတော်ကြီးကျောင်းနှင့် လောက်ကိုင်မြို့ ပါစင် ကျော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်အပါး ၁၄၀ နှင့် ရပ်ကွက်နေဒေသခံပြည်သူ ၂၄၉ ဦးတို့ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များက    သက်ဆိုင်ရာဘုန်းတော်ကြီး ကျောင်းများ၌ မျက်စိရောဂါ၊  သွားနှင့်ခံတွင်းရောဂါ၊  ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း များ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါ ရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာတပ်နယ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။        

         
 သတင်းစဉ်