မြစ်ကြီးနားမြို့၊ လားရှိုးမြို့၊ မော်လမြိုင်မြို့၊ လှည်းကူးမြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ဟိုင်းကြီးကျွန်းမြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ  ၂၈
တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ   မြို့နယ်များမှ သံဃာ တော်များ၊   သာသနာ့နွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများ ကို  သက်ဆိုင်ရာ  တိုင်းစစ်ဌာန ချုပ်အသီးသီးမှ နယ်မြေခံဆေးကု သရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများ    ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ   ဘုန်းတော် ကြီးကျောင်းများမှ သံဃာတော် ၇၆   ပါးတို့ကို   လည်းကောင်း၊ ရှမ်းပြည်နယ်    (မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၂)ရပ်ကွက်ရှိ မြို့မကျောင်းတိုက်မှ သံဃာတော် ၇၉ ပါးနှင့် ဒေသခံပြည်သူတို့ကို လည်းကောင်း၊   မွန်ပြည်နယ် မော်လမြိုင်မြို့   တောင်ပေါက် ကျောင်းတိုက်ရှိ သံဃာတော် ၄၄ ပါးတို့ကိုလည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရှိ ဖရုံစုကျေးရွာနှင့် ဖဲခမဲကျေးရွာ၊ ကျောက်တန်းမြို့နယ်ရှိ ရွှေပြည် သာရပ်ကွက်နှင့်   အနီးပတ်ဝန်း ကျင်ကျေးရွာများမှ      ဒေသခံ ပြည်သူ စုစုပေါင်း ၄၁၃ ဦးတို့ကို လည်းကောင်း၊   ဧရာဝတီတိုင်း ဒေသကြီး    ဟိုင်းကြီးကျွန်းမြို့ ချောင်းဝကျေးရွာနှင့်  ပတ်ဝန်း ကျင်ကျေးရွာများမှ သံဃာတော် ခုနစ်ပါးနှင့် ဒေသခံပြည်သူ ၄၇၄ ဦးတို့ကိုလည်းကောင်း  သက်ဆိုင် ရာ     တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေး   အဖွဲ့ များက သတ်မှတ်နေရာအသီးသီး ၌    ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်   ခံတွင်းရောဂါ၊   နား၊ နှာခေါင်း၊   လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါ ရှာဖွေစမ်းသပ်ခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ များကို    နယ်မြေခံတပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ     တိုင်းမှူးများနှင့် တာဝန်ရှိသူများက  သွားရောက် ကြည့်ရှုအားပေးပြီး သံဃာတော် များအား   နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း များ    ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်