
နေပြည်တော် ဧပြီ ၂၇
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဆုထူးပန် ဘုန်းတော်ကြီးကျောင်း မှ သံဃာတော်များအား မြောက် ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဘုန်းတော် ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က သံဃာ တော် ၅၁ ပါးတို့ကို ခွဲစိတ်ကုသမှု ဆိုင်ရာ ရောဂါ၊ အရိုးအကြော ရောဂါ၊ အာရုံကြောအားနည်း ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးကာ ဆုထူးပန်ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ အမှူးပြုသော သံဃာတော်များ အား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်