
မြစ်ကြီးနား အောက်တိုဘာ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းရှိ ကိုဗစ်စင်တာများသို့ အင်အားဖြည့် အစားအစာများနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်း များကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ သည်။
ကိုဗစ်စင်တာများသို့ အင်အားဖြည့်အစားအစာများနှင့် ကိုဗစ် ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်ခြင်းကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးမှူး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ ပညာရေးကောလိပ် (၄)ထပ်အဆောက်အဦတွင် ဖွင့်လှစ် ထားသည့် ကိုဗစ်အတည်ပြုလူနာများ စောင့်ကြပ်ကြည့်ရှုရေးစင်တာ ၌ မြစ်ကြီးနားခရိုင်အတွင်းရှိ ကိုဗစ်စင်တာများအတွက် စုစုပေါင်း ငွေကျပ် ၅၀၅၀၀၀ တန်ဖိုးရှိ နှာခေါင်းစည်း ဘူး ၅၀၊ လက်သန့်ဆေးရည် ဘူး ၃၀၊ Hand Gel Spray ဘူး ၅၀၊ လက်အိတ် ငါးဘူး၊ ခေါက်ဆွဲခြောက် ငါးဖာ၊ ရေသန့် ၁၅ ကတ်နှင့် ကြက်ဥအလုံး ၃၉၀ ကို ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာတင့်နိုင်ထံ ထောက်ပံ့ပေးအပ် ကြသည်။
အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဗန်းမော်ခရိုင်နှင့် ပူတာအို ခရိုင်အတွင်းရှိ ကိုဗစ်စင်တာများအတွက်ကိုလည်း ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)