
နေပြည်တော် မတ် ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ကျူးဘား သံအမတ်ကြီးအဖြစ် မစ္စတာ ပဲဒရို ပါဘလို စန်ဟိုဟဲ ရိုဒရီဂတ်စ် အား ခန့်အပ်ရန် ကျူးဘားသမ္မတ နိုင်ငံအစိုးရမှ အဆိုပြုလာခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
မစ္စတာ ပဲဒရို ပါဘလို စန်ဟိုဟဲ ရိုဒရီဂတ်စ် အား ၁၉၆၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့ရှိ Raul Roa Garcia Higher Institute of International Relations မှ နိုင်ငံတကာစီးပွားဆက်ဆံ ရေးဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၎င်းသည် ၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ချီလီနိုင်ငံဆိုင်ရာ ကျူးဘားသံရုံး၌ စီးပွားရေးသံမှူး အဖြစ်လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်နှင့် ဥရောပအဖွဲ့အစည်းများဆိုင်ရာ ကျူးဘားသံရုံးတို့၌ စီးပွားရေးသံမှူးအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဘူလ်ဂေးရီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် ကျူးဘားသံအမတ်ကြီးနှင့် မြောက်မက်ဆီဒိုးနီးယားနှင့် အယ်လ်ဘေး နီးယားနိုင်ငံဆိုင်ရာ ပူးတွဲတာဝန်ယူဆောင်ရွက်သည့် ကျူးဘား သံအမတ်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
သတင်းစဉ်