မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေး အား နီပေါသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူ

 

နေပြည်တော်    စက်တင်ဘာ    ၈


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော  နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဘင်းကေ အူးဒက်စ် နေရာတွင် မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေး အား ခန့်အပ် ရန်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီး ဖြစ်သည်။

 


မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေးကို  နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့၌ ၁၉၆၇ ခုနှစ်၊   ဇွန်လ ၁၂ ရက်တွင်   မွေးဖွားခဲ့ပြီးအစိုးရတက္ကသိုလ် ဝင်ခွင့်စာမေးပွဲအား ၁၉၈၅ ခုနှစ်တွင် အောင်မြင်ခဲ့သည်။

 


၎င်းသည် နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ ထရီဘူဗမ် (Tribhuvan) တက္ကသိုလ်မှ ၁၉၉၄ ခုနှစ်တွင် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကိုလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ဥပဒေဘွဲ့ကိုလည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် လူ့စွမ်းအားအရင်းအမြစ်   စီမံခန့်ခွဲရေးနှင့်   စက်မှု လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးအထူးပြုဘာသာရပ်ဖြင့် စီးပွားရေးစီမံ ခန့်ခွဲမှုမဟာဘွဲ့ကို လည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် လူ့စွမ်းအားအရင်း အမြစ်      ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်     အထူးပြုဘာသာရပ်ဖြင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။

 


မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေးသည် နီပေါနိုင်ငံခြားရေးဝန်ကြီး ဌာနသို့  ၁၉၉၈ ခုနှစ်တွင်  စတင်ဝင်ရောက်ကာ  ဌာနခွဲရုံး၌လည်း ကောင်း၊ ၂၀၀၉ ခုနှစ်တွင် လက်ထောက်အတွင်းဝန်အဖြစ် လည်း ကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိဆက်ဆံရေးဌာန၊ညွှန်ကြား ရေးမှူးအဖြစ်လည်းကောင်း၊   ယင်းကာလတွင်ပင်   ပူးတွဲတာဝန် အဖြစ် နီပေါသမ္မတရုံးတွင် ဆက်ဆံရေးအရာရှိအဖြစ် လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ ဇွန်လမှ ဒီဇင်ဘာလအထိ ကောင်စစ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊  ၂၀၁၆ ခုနှစ်  ဇန်နဝါရီလမှ ဇွန်လအထိ  အာရှအလယ်ပိုင်း၊  အာရှအနောက်ပိုင်းနှင့်  အာဖရိက ဌာနတွင်        လက်ထောက်အတွင်းဝန်အဖြစ်        လည်းကောင်း အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီး၊  ၂၀၁၉ ခုနှစ်၊  ဇူလိုင်လမှစ၍ လက်ရှိကာလအထိ   အာရှအလယ်ပိုင်း၊   အာရှအနောက်ပိုင်းနှင့် အာဖရိကဌာန၏  ဌာနအကြီးအကဲ၊   ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

 


၎င်းသည် ပြည်ပတာဝန်ထမ်းဆောင်မှုများအဖြစ် ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ရန်ကုန်မြို့ရှိ နီပေါသံရုံးတွင် ဒုတိယအတွင်းဝန် အဖြစ် လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ နီပေါသံရုံးတွင် ပထမအတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ မေလမှ ၂၀၁၅ ခုနှစ်၊ မေလအထိဆော်ဒီ အာရေဗျနိုင်ငံ၊  ရီယာ့ဒ်မြို့ရှိ နီပေါသံရုံးတွင် ဒုတိယသံရုံးအကြီးအကဲ အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဇွန်လမှ ၂၀၁၉ ခုနှစ်၊ဇူလိုင်လအထိ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  ပေကျင်းမြို့ရှိ နီပေါသံရုံးတွင်သံမှူးကြီး အဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့ပါသည်။

 


၎င်းသည် နီပေါဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဟင်ဒီဘာသာ၊ အူရဒူ ဘာသာ၊ အာရပ်ဘာသာ၊ တရုတ်ဘာသာစကားများကို တတ်မြောက် ပါသည်။ ၎င်းသည် အိမ်ထောင်ရှင်ဖြစ်ပြီး သားတစ်ဦး ရှိသည်။     


 သတင်းစဉ်