မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင် အား  မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီ

 

 

နေပြည်တော်  ဇွန် ၂၃


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ  အထူးအာဏာကုန်  လွှဲအပ်ခြင်းခံရသော  ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီး မစ္စတာ ဆာဟဲလ် မူစတာဖာ အာမက် အာဂျီစပ်၏ နေရာတွင် မစ္စတာ ဆာအု(ဒ်) ဘင်အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင် အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင်သည် ၁၉၉၃ ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့  စတင် ဝင်ရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ ဆော်ဒီအာရေဗျသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌  သံတမန်ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၃ ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီနှင့် ကိုယ်စားလှယ် အဆိုပြုရေးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကုလသမဂ္ဂဌာနတွင်  ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အထူးကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရပြီး  ၂၀၁၉ ခုနှစ် မှစတင်၍ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဌာန၊ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
၎င်းသည် အာရဗီနှင့် အင်္ဂလိပ်ဘာသာတို့ကို တတ်ကျွမ်းသည်။                                                      သတင်းစဉ်