မဘိမ်းမြို့နယ်၌ NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ကျောင်းပို့/ ကျောင်းကြို မော်တော်ယာဉ် တစ်စီးအား ရီမုမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်

 

နေပြည်တော်   ဒီဇင်ဘာ    ၂၂
နိုင်ငံရေးအစွန်းရောက်   အကြမ်း ဖက်အဖွဲ့များအနေဖြင့်     နိုင်ငံ တော် တည်ငြိမ်အေးချမ်းမှုပျက်ပြား စေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ် မဟုတ်သည့် အပြစ်မဲ့ပြည်သူများ နေထိုင်ရာ     မြို့၊     ကျေးရွာများ အတွင်းသို့           လက်နက်ကြီး၊  လက်နက်ငယ်များဖြင့်   ပစ်ခတ် တိုက်ခိုက်ခြင်း၊    လမ်းမကြီးများ ပေါ်၌ မောင်းနှင်သွားလာနေသည့်    မော်တော်ယာဉ်များအား    မိုင်းဆွဲ တိုက်ခိုက်ခြင်း၊    လမ်းတံတားများ အား  မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ် များကို လုပ်ဆောင်လျက်ရှိသည့် အပြင် အေးချမ်းစွာပညာသင်ကြား လျက်ရှိသည့်      ကျောင်းသား၊   ကျောင်းသူများနှင့် ဆရာ ဆရာမ များကို ခြိမ်းခြောက်အကျပ်ကိုင် ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကချင်ပြည်နယ်   မဘိမ်းမြို့နယ်  ငါးအိုးကျေးရွာရှိ အခြေခံပညာ         အထက်တန်း ကျောင်း  (ငါးအိုး)  တွင်     တက် ရောက်  ပညာသင်ကြားနေသည့် ၁၀ တန်းစာမေးပွဲဖြေဆိုပြီးသော ကျောင်းသား၊ ကျောင်းသူများကို  ကြိုရန်         ထွက်ခွာလာသည့် မော်တော်ယာဉ်တစ်စီးအား NUG၊ CRPH   တို့၏  လက်ဝေခံ   PDF အမည်ခံအကြမ်းဖက်သမားများ က ရီမုမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ သည်။    အဆိုပါဖြစ်စဉ်နေရာသို့  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးစဉ် ငါးအိုးမြို့မဈေး  အနီးသို့အရောက်၌  NUG ၊ CRPH   တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား           များက လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့်    ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်     ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ   အကြမ်းဖက်သမားများသည် ကျေးရွာ၏ အနောက်တောင်ဘက် သို့     ဆုတ်ခွာထွက်ပြေးသွားခဲ့ ကြောင်း၊      အကြမ်းဖက်သမား များ၏ မိုင်းထောင်ဖောက်ခွဲခြင်း၊     လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့်   ရမ်းသမ်းပစ်ခတ်တိုက်ခိုက် မှုများကြောင့်  ဖြစ်စဉ်နေရာအနီးရှိ   အမျိုးသား   တစ်ဦး   သေဆုံးပြီး သုံးဦး    ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းအား ၎င်း၏   မိသားစုထံသို့   ပို့ဆောင် ပေးပြီး       ဒဏ်ရာရရှိသူများကို      နယ်မြေခံတပ်ရင်း ဆေးပေးခန်း သို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ စေလျက်ရှိကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် အကြမ်း ဖက်လုပ်ရပ်များ  ကျူးလွန်ခဲ့သည့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီးအရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဒေသခံပြည်သူများနှင့်ပူးပေါင်း ၍  လိုအပ်သည်များ  ဆက်လက် ဆောင်ရွက်လျက်         ရှိကြောင်း သတင်းရရှိသည်။      သတင်းစဉ်