မဘိမ်းမြို့နယ် မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ဆိုင်ရှင်များနှင့် အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးထားခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

 

မဘိမ်း   နိုဝင်ဘာ   ၁၃


ရှမ်းပြည်နယ်       (မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့်   မြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာနတို့မှ    ပူးပေါင်း၍ ကိုဗစ်-၁၉   ရောဂါ  ကူးစက်မှုမှ လျှော့ချနိုင်ရန်နှင့်      ကိုဗစ်-၁၉ ရောဂါ       ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ရည်ရွယ်၍ မြို့ပေါ် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ၊   မြို့မဈေး အတွင်းရှိ       ဈေးဆိုင်များအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို နိုဝင်ဘာ ၁၂  ရက် က ဆောင်ရွက်သည်။

 


ထိုသို့စစ်ဆေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့       ဥက္ကဋ္ဌ  ဦးဟိန်းသူဝင်း၊   မြို့နယ်စည်ပင် အမှုဆောင်အရာရှိ   ဦးဝင်းမြတ် ကျော်နှင့်   မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး    ကော်မတီအဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ပြီး  ကာကွယ် ဆေးထိုးနှံခြင်းအားဖြင့် ကိုဗစ်-၁၉   ရောဂါ  ကူးစက်ပြန့်ပွားမှုမှ လျှော့ချနိုင်ပြီး   ပြည်သူလူထုမှ ပူးပေါင်းပါဝင်     ကူညီကြရန်နှင့် ကာကွယ်ဆေး မထိုးရသေးပါက ကာကွယ်ဆေးထိုးနှံပေးရာ စုရပ် တွင် ထိုးနှံကြရန် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌက   တိုက်တွန်း ပြောကြားခဲ့ကြောင်း         သိရသည်။ 


ခရိုင်(ပြန်/ဆက်)