မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ မီဒီယာပူးပေါင်းဆောင်ရွက်ခြင်း အခမ်းအနားကျင်းပ

 

ဖနောင်ပင်  စက်တင်ဘာ  ၂၉


မဲခေါင်-လန်ချန်း မီဒီယာဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အဖြစ် MLC သတင်းထောက်များအတွက် “မြစ်ကြောင်း မျှဝေ အနာဂတ်မျှဝေခြင်းနှင့် သတင်းမီဒီယာအခန်းကဏ္ဍ မြှင့်တင်ခြင်း”ဆိုင်ရာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက က‌မ္ဘောဒီးယားနိုင်ငံ သီဟာနုပြည်နယ်ရှိ Sokha Beach Resort ၌ ကျင်းပသည်။


မဲခေါင်- လန်ချန်း   ပူးပေါင်းဆောင်ရွက်မှုတွင် ဒေသတွင်း   ငြိမ်းချမ်းရေး၊   သာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင် ရာတွင်  အဖွဲ့ဝင်နိုင်ငံများမှ  သတင်းမီဒီယာသမား များအားလုံး၏   ကဏ္ဍသည်  အလွန်အရေးကြီးသည့် အတွက် ယခုကဲ့သို့   Shared River Shared future and the role of journalists  အစီအစဉ်ကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံ က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။


အခမ်းအနားတွင် ကမ္ဘောဒီးယား ပြန်ကြားရေး ဝန်ကြီး Mr.  Neth Pheaktra   က    မီဒီယာသည် အလွန်အရေးကြီးပြီး လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု နှင့် ဒေသတွင်း  အခြေအနေမှန်များကို ဖော်ပြနိုင်ပါ ကြောင်း၊ ရှေးရိုးမီဒီယာများအပြင် ယခုနောက်ပိုင်း၌ အွန်လိုင်းမီဒီယာများ    တွင်ကျယ်လာသည့်အတွက် မီဒီယာများအားလုံး  ကျင့်ဝတ်နှင့်အညီ ရေးသားကြ ရန် လိုအပ်ပါကြောင်း၊ မဲခေါင်-လန်ချန်း  မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်          စာနယ်ဇင်းအတတ်ပညာ အရည်အသွေးတိုးတက်မြင့်မားရေးအတွက်   ယခု အစီအစဉ်မှာ   များစွာအထောက်အကူပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြား သည်။


ဆက်လက်၍          ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ   တရုတ်ပြည်သူ့သမ္မတနိုင်ငံ   သံအမတ်ကြီး Mr. Wu Chuanbing    နှင့်     ကမ္ဘောဒီးယားသတင်းအချက် အလက်နှင့်  ရုပ်သံထုတ်လွှင့်မှု (INB)  ၏  ညွှန်ကြား ရေးမှူးချုပ်     Mr. Phos Sovann ၊   ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးချုပ်တို့က အသီးသီး အမှာစကားများ ပြောကြားသည်။


ထို့နောက် စာနယ်ဇင်းအတတ်ပညာများ  ပံ့ပိုး မြှင့်တင်ခြင်းနှင့် အခက်အခဲများကို  ကျော်လွှားခြင်း ခေါင်းစဉ်ဖြင့်   ကမ္ဘောဒီးယားနိုင်ငံ    ပြန်ကြားရေး ဝန်ကြီးဌာန   အကြံပေးပါမောက္ခ   Moeun Chhean ကလည်းကောင်း၊ သီဟာနုပြည်နယ်  ဖွံ့ဖြိုးတိုးတက် ရေးနှင့်      အနာဂတ်မျှော်မှန်းချက်များဆိုင်ရာ ခေါင်းစဉ်ဖြင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားလှယ် က လည်းကောင်း  တင်ပြဆွေးနွေးပြီး နိုင်ငံတကာ မီဒီယာများ၊ ကမ္ဘောဒီးယား ပြည်တွင်းမီဒီယာများနှင့် မဲခေါင်-လန်ချန်း နိုင်ငံများမှ သတင်းထောက်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြ သည်။


ထို့နောက် ဖိတ်ကြားထားသည့်  မီဒီယာများသည် ယင်းဒေသရှိ      စက်မှုဇုန်သို့    မီဒီယာလေ့လာရေး အစီအစဉ်အဖြစ်  သွားရောက်ခဲ့ကြပြီး General Tires Technology   ကုမ္ပဏီစက်ရုံ၌   အရည်အသွေး မြင့်မားသည့်     တာယာအမျိုးမျိုး    အဆင့်မြင့် နည်းပညာ အသုံးပြုထုတ်လုပ်ပုံအဆင့်ဆင့်ကို ကြည့်ရှု လေ့လာကြသည်။


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၄ ခုနှစ်  နိုဝင်ဘာလတွင် မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့်  (၁၇)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေး၌ ထိုင်းနိုင်ငံက မဲခေါင် ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟ ချက်ကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် မှုရရှိရန်အတွက်  ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် ရန်လိုအပ်ကြောင်း ကနဦးဆွေးနွေးမှုအပေါ် တရုတ် နိုင်ငံက  ကမ္ဘောဒီးယား၊  တရုတ်၊  လာအို၊  မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့်  ပူးပေါင်း ဆောင်ရွက်မှု      အစီအစဉ်တစ်ရပ်ထူထောင်ရန် အဆိုပြုခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း စဉ်ကို နိုင်ငံရေးနှင့်လုံခြုံရေးမဏ္ဍိုင်၊  စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မဏ္ဍိုင်နှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့်  ပြည်သူအချင်းချင်း  အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင် စသည့်မဏ္ဍိုင်သုံးရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ 


ခင်ရတနာ