မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်   ဩဂုတ်    ၂၈
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်  အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သည့် စားသောက် ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို  ယနေ့  နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ  မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊  လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။ 
ဆွေးနွေးပွဲသို့     ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ   အင်ဂျင်နီယာကောင်စီ   အဖွဲ့ဝင်များ၊ မဲခေါင် - လန်ချန်း     ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာ) မှ  ကိုယ်စားလှယ်များ၊  စားသောက်ကုန် လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆက်စပ်အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲ
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာန အနေဖြင့်   မြန်မာနိုင်ငံတစ်ဝန်း   စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး   လုပ်ငန်းများကို  တာဝန်ယူ ဆောင်ရွက်နေသည့် ဝန်ကြီးဌာနဖြစ်၍ လုပ်ငန်းများ ကို ထိထိရောက်ရောက် အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရေးအတွက် အမျိုးသားအဆင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေး မူဝါဒ၊ မဟာ  ဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ်တွင် ရေးဆွဲ ပြဋ္ဌာန်းခဲ့ကြောင်း၊      မူဝါဒရည်မှန်းချက်အနေဖြင့် ၂၀၁၂   ခုနှစ်   စွမ်းအင်သုံးစွဲမှုကိုအခြေခံပြီး   ၂၀၃၀ ပြည့်နှစ်တွင် ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ရန် ရည်ရွယ် ထားကြောင်း၊ ကမ္ဘာ့ရည်မှန်းချက်အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာ     စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး   ပန်းတိုင်  (၇) (Global Sustainable Development Goal 7) ၏ အဓိကရည်ရွယ်ချက် (၃)ရပ်အနက် ၂၀၃၀ ပြည့်နှစ် တွင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေး လုပ်ငန်းများကို  နှစ်ဆ တိုးမြှင့်ရမည်ဟု သတ်မှတ်ထားကြောင်း။
နည်းပညာများမျှဝေသွားမည်
ယခုဆွေးနွေးပွဲသည်    ရန်ကုန်မြို့တွင်ရှိသည့်  စားသောက်ကုန်လုပ်ငန်းအများစုအတွက် ရည်ရွယ် ပြီး  စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး  နည်းပညာများ မျှဝေသွားမည်ဖြစ်ကြောင်း၊        စွမ်းအင်အကျိုးရှိ  ထိရောက်စွာ  သုံးစွဲရေးဆိုင်ရာ  နည်းပညာများနှင့်  စားသောက်ကုန်လုပ်ငန်းဆိုင်ရာ     သတင်းအချက် အလက်များကို     သက်ဆိုင်ရာပညာရှင်များက ဆွေးနွေးပြောကြားပေးမည်ဖြစ်ကြောင်း၊     အခမ်း အနားသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ် များ အားလုံးအနေဖြင့် သိရှိလိုသည်များကို အသေး စိတ်မေးမြန်းကြရန်နှင့် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီး ဌာန    ဒုတိယညွှန်ကြားရေးမှူးချုပ်က    စွမ်းအင် အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးအတွက်   ဆောင် ရွက်ခဲ့မှုကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးက အစား အသောက်ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိ‌ ထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်နေမှု ကိုလည်းကောင်း၊   အမျိုးသားအဆင့်   အတိုင်ပင်ခံ  ကိုယ်စားလှယ်က   အစားအသောက်  ထုတ်လုပ်မှု ကဏ္ဍ၌ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲမှုနှင့် ပတ်သက်၍ အဓိကဆောင်ရွက်ရမည့် အချက်များ ကိုလည်းကောင်း၊   မြန်မာနိုင်ငံ   အစားအသောက် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ကိုယ်စား လှယ်က  အစားအသောက်  ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ     သုံးစွဲရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုကို လည်းကောင်း၊ မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်း ကိုယ်စားလှယ်က မြန်မာ နိုင်ငံတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး ကဏ္ဍ၏   ဖွံ့ဖြိုးတိုးတက်ရေးနှင့်    ပတ်သက်သည့် ရှုထောင့်အမြင်ကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ကြပြီး    တက်ရောက်လာသူများက    သိရှိလိုသည် များကို   မေးမြန်းခြင်း၊    အကြံပြုဆွေးနွေးခြင်းနှင့် စွမ်းအင်အကျိုးရှိ ထိရောက်အောင် ဆောင်ရွက်နိုင် ရေးအတွက်     နည်းလမ်းများ    ချမှတ်ခြင်းတို့ကို          ဆောင်ရွက်၍   ဆွေးနွေးပွဲကို    ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်