မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စိုက်ပျိုးရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ်အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၉


မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့်    မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု စိုက်ပျိုးရေးဆိုင်ရာ ပူးတွဲလုပ်ငန်း အဖွဲ့၏ စတုတ္ထအကြိမ်    အစည်း အဝေးကို   ယနေ့   နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန  အစည်းအဝေး ခန်းမ၌   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ       သဘာပတိအဖြစ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်     ဒေါက်တာရဲတင့်ထွန်း က     တာဝန်ယူဆောင်ရွက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက် ပျိုးရေးနှင့်       ကျေးလက်ရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေးဌာန၏   ဒုတိယညွှန်ကြားရေး မှူးချုပ်    Mr. WEI Zhenglin က ပူးတွဲသဘာပတိအဖြစ်     ဆောင်ရွက်သည်။

 


အစည်းအဝေးသို့    မဲခေါင်-လန်ချန်း    အဖွဲ့ဝင်နိုင်ငံများဖြစ် သော  ကမ္ဘောဒီးယား၊  တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက် ကြပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ် များအဖြစ် စိုက်ပျိုးရေး၊  မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာန၊   မွေးမြူရေးနှင့်  ကုသရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


အစည်းအဝေးတွင်  မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများအတွင်း လယ်ယာကဏ္ဍပူးပေါင်း   ဆောင် ရွက်မှုကို မြှင့်တင်ရန်နှင့် တရုတ်-အာဆီယံနိုင်ငံများအတွင်း အစိမ်း ရောင်စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်း များ အကောင်အထည်ဖော်ရာတွင် မဲခေါင်ဒေသတွင်းနိုင်ငံများ ပါဝင် ဆောင်ရွက်ရန်   ဆွေးနွေးခဲ့ကြသည်။ 

 


ထို့ပြင်     မဲခေါင်  - လန်ချန်း  ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် မဲခေါင်-လန်ချန်းအဖွဲ့ဝင် နိုင်ငံများအတွင်း   အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ သော စီမံကိန်းများ၏ အောင်မြင်  တိုးတက်မှု      အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို    နိုင်ငံအလိုက် ရှင်းလင်းတင်ပြကြပြီး စီမံကိန်း လုပ်ငန်းများ အောင်မြင်ချောမွေ့ စွာ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး     နည်းလမ်းများကို ဝိုင်းဝန်းညှိနှိုင်း   ဆွေးနွေးခဲ့ကြသည်။ 

 


ဆက်လက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Bumper Harvest Projects နှင့်   မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများအတွင်း ငါးနှင့် ရေနေသတ္တဝါ      ထိန်းသိမ်းရေး လုပ်ငန်းအဖွဲ့       ဖွဲ့စည်းနိုင်ရေး အတွက် တင်ပြဆွေးနွေးမှုအပေါ် ဝိုင်းဝန်းအကြံပြု    ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။  

သတင်းစဉ်