မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအတွက်အသုံးပြုရန် ဆောက်လုပ်ပြီးစီးခဲ့သည့် သီးနှံအထွက်နှုန်းဆန်းစစ်အကဲဖြတ်စင်တာ အဆောက်အအုံဖွင့်လှစ်

 

နေပြည်တော်  နိုဝင်ဘာ  ၇


မဲခေါင် - လန်ချန်း     ပူးပေါင်း ဆောင်ရွက်မှု     အထူးရန်ပုံငွေ (၂၀၂၂)ဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်စီမံကိန်း အတွက်  အသုံးပြုရန် ဆောက်လုပ် ပြီးစီးခဲ့သော     သီးနှံအထွက်နှုန်း ဆန်းစစ်      အကဲဖြတ်စင်တာ အဆောက်အအုံဖွင့်ပွဲ အခမ်းအနား ကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ကောင်စီလမ်းပေါ်ရှိ အဆိုပါ     အဆောက်အအုံသစ်၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ        ဖြစ်ကြသော ဦးမင်းနောင်နှင့်       ဦးလှမိုး၊ နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊     မြန်မာနိုင်ငံ ဆိုင်ရာ    တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ    ပထမအတွင်းဝန် Mr. Wang Xianzhong ၊   ဒုတိယ ဝန်ကြီး     ဒေါက်တာ အောင်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့    ဒုတိယ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ကြသည်။


အခမ်းအနားပထမပိုင်း အစီ အစဉ်အရ  ပြည်ထောင်စုဝန်ကြီး များ ၊     နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံး   ပထမ အတွင်းဝန်နှင့်   လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး အဆောက် အအုံ ဆိုင်းဘုတ်ကို ပြည်ထောင်စု ဝန်ကြီး   ဦးမင်းနောင်နှင့်    တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမ အတွင်းဝန် Mr. Wang Xianzhong တို့က   စက်ခလုတ်နှိပ်၍   ဖွင့်လှစ် ပေးကြသည်။ 


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးများနှင့်   ဧည့်သည်တော် များက အဆောက်အအုံရှိ အထိမ်း အမှတ်       ကမ္ပည်းကြေးပြားကို အမွှေးနံ့သာရည်များ     ပက်ဖျန်း ပေးကြပြီး အစီအစဉ်ဒုတိယပိုင်း ကို အဆောက်အအုံခန်းမ၌  ကျင်းပ ရာ    စိုက်ပျိုးရေး၊     မွေးမြူရေး နှင့်      ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က       အမှာစကားပြောကြားရာ တွင်  မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုသည်    အဖွဲ့ဝင်နိုင်ငံ များက   အဆိုပြုသည့်    မဲခေါင် ဒေသခွဲအား      အကျိုးရှိစေသော စီမံကိန်းများ     အကောင်အထည် ဖော်ခြင်းကို အခြေခံသော ပူးပေါင်း ဆောင်ရွက်မှု        ပုံစံဖြစ်သည့် အားလျော်စွာ   မြန်မာနိုင်ငံအနေ ဖြင့်  မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု     အထူးရန်ပုံငွေ (၂၀၁၇)   ခုနှစ်မှစ၍  (၂၀၂၃) ခုနှစ် အထိ အသေးစားနှင့် အလတ်စား စီမံကိန်း    စုစုပေါင်း   ၁၀၆   ခု ဆောင်ရွက်ခဲ့ရာ စီမံကိန်း  ၃၅ ခု ကို     စိုက်ပျိုးရေး၊    မွေးမြူရေး နှင့်     ဆည်မြောင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော်    ဆောင် ရွက်ခဲ့ပါကြောင်း၊    ယနေ့ကျင်းပ ပြုလုပ်သည့်     သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာ   ဖွင့်ပွဲ အခမ်းအနားသည်လည်း  အထူး ရန်ပုံငွေ(၂၀၂၂)ဖြင့်   အကောင် အထည်ဖော်   ဆောင်ရွက်ခဲ့သည့် စီမံကိန်းများထဲမှ  တစ်ခုအပါအဝင် ဖြစ်ကြောင်း။ 


အဆိုပါစီမံကိန်းအား လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်    စာရင်းအင်း ဦးစီးဌာနက   အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်     လူအင်အား အသုံးပြု    သီးနှံစိုက်ပျိုးမှုစာရင်း များ    ကောက်ယူမှုအခြေအနေမှ မောင်းသူမဲ့လေယာဉ်   (Drone)အသုံးပြုလျက်    သီးနှံစိုက်ပျိုးမှု စာရင်းကောက်ယူသည့်     စနစ် တစ်ခု   ထူထောင်နိုင်ရန်   ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊   ဆက်လက် ၍   Remote Sensing and GIS နည်းပညာများကို     အသုံးပြုပြီး အဆိုပါ  ကောက်ယူရရှိထားသည့် စိုက်ပျိုးသီးနှံများ၏ အထွက်နှုန်း ကိုပါ    ဆန်းစစ်အကဲဖြတ်သည့် လုပ်ငန်းများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍    မြန်မာနိုင်ငံ ဆိုင်ရာ    တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ     ပထမအတွင်းဝန် Mr. Wang Xianzhong      က စီမံကိန်းလုပ်ငန်းများ    အကောင် အထည်ဖော်    ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ဂုဏ်ပြုအမှာစကား ပြောကြားပြီး   နိုင်ငံခြားရေးဝန်ကြီး ဌာန၊ မဲခေါင် - လန်ချန်းပူးပေါင်း ဆောင်ရွက်မှု   ညှိနှိုင်းကွပ်ကဲရေး အဖွဲ့  ဒုတိယဥက္ကဋ္ဌနှင့်  လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်    စာရင်းအင်း ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် တို့က  စီမံကိန်းဆောင်ရွက်မှုများ နှင့်ပတ်သက်၍   ရှင်းလင်းတင်ပြ ကြသည်။


အခမ်းအနားတွင်   စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်း ဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီးက     မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ  ပထမအတွင်းဝန်အား  အမှတ် တရလက်ဆောင်      ပေးအပ်ပြီး အဆောက်အအုံနှင့်    ပတ်သက် သော    စာရွက်စာတမ်းများကို ကုမ္ပဏီမှ        တာဝန်ရှိသူက လွှဲပြောင်းပေးအပ်ရာ   လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် က လက်ခံရယူသည်။


အခမ်းအနား    အပြီးတွင် ပြည်ထောင်စု     ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ပြခန်းများအား   လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း   သတင်း ရရှိသည်။                
 

သတင်းစဉ်