နေပြည်တော် အောက်တိုဘာ ၁၄
ဖျာပုံခရိုင်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံ သား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအား ဥပဒေနှင့်အညီ စက်တင်ဘာလကုန်အထိ လစဉ်စိစစ် ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ဖျာပုံခရိုင်အတွင်းရှိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ် ဆောင်ရွက်ထားမှုများနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းထွန်း၊ အဖွဲ့ဝင် ဦးအောင်လွင်ဦးတို့ တက်ရောက်သည်။
အစည်းအဝေးတွင် ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အခြေခံ မဲဆန္ဒရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှုနှင့် စပ်လျဉ်းပြီး စက်တင်ဘာလအထိတင်ပြရာ-
(၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ စိစစ်ချက်အရ
(က) သေဆုံး၊ပြောင်းထွက်၊ (၂) ကြိမ်ထပ်၊ (၃) ကြိမ်ထပ်တို့မှလျော့သည့်လူဦးရေ (၁၇၅၅) ဦး
( ခ) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန လက်ကျန်စာရင်းမှ ပြန်လည်ထည့်သွင်းသည့် ထပ်တိုး လူဦးရေ (၅၂၅၂) ဦး
( ဂ ) စက်တင်ဘာလအတွင်း မြေပြင်လူဦး ရေ (၁၀၁၂၉၇၄) ဦး
(၂) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ် ချက်အရ
(က) မြေပြင်ထပ်တိုး
- ပုံစံ (၆၆/၆)ရှိသူ (၈၅၇၁) ဦး
- ပုံစံ(၆၆/၆)အခြားနှင့်
(၆၆/၆)မရှိသူ (၃၉၂) ဦး
စုစုပေါင်းမြေပြင်
ထပ်တိုး (၉၁၅၅) ဦး
( ခ ) မြေပြင်တွင် လျော့သည့်ဦးရေ
- ပုံစံ (၆၆/၆) ရှိသူ (၁၇၀၉) ဦး
ပုံစံ (၆၆/၆)အခြား
နှင့် (၆၆/၆) မရှိသူ (၄၆၄) ဦး
စုစုပေါင်းမြေပြင်
လျော့သည့်ဦးရေ (၂၁၃၃) ဦး
မဲရုံတည်နေရာနှင့် မဲရုံအရေအတွက် လျာထားမှု (၁၀၅၄) ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံ သုံးပစ္စည်း လိုအပ်ချက်တို့ကို တင်ပြဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသော ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေး ခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက် မှာကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒ ရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံတည်နေရာများ အတည်ပြုသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပဲခူးခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးနှင့် ဦးတင်မောင်ဆွေ၊ ပဲခူးမြို့နယ်တပ်နယ်မှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်၊ ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူးခရိုင်ရွေးကောက်ပွဲအရာရှိ များ၊ ညောင်လေးပင်ခရိုင်နှင့် ပဲခူးခရိုင်တို့မှ ခရိုင် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများ၊ ပဲခူး၊ ရွှေကျင်၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ဝေါ၊ သနပ်ပင်၊ ကဝတို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီး မှူးများ၊ ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု ၁၀၄ အုပ်စုမှ တာဝန်ရှိသူများ တက်ရောက် ကြပြီး အဖွဲ့ဝင်များက အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက် လာသူများက မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး၊ မဲရုံတည်နေရာ သတ်မှတ်အတည်ပြုနိုင်ရေးနှင့် မဲရုံ သုံးပစ္စည်းများ လိုအပ်ချက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်



