မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နိုင်ငံသားများအနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးနိုင်ရန် မဲပေးရာတွင် ပြည့်စုံရမည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ ကတ်တစ်မျိုးမျိုးနှင့် အိမ်ထောင်စုဇယားပုံစံ (၆၆/၆) များ ရှိကြရမည်

 

နေပြည်တော် အောက်တိုဘာ ၁၂


ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်သည်    လွတ်လပ်ပြီးတရား မျှတသည့်      ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်နိုင်ရန်   ကြိုတင် ပြင်ဆင်         ဆောင်ရွက်လျက်ရှိရာ လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒ ရှင်ပြည်သူများ   ဥပဒေနှင့်အညီ လွပ်လပ်စွာ မဲပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး     အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ     စိစစ်ခြင်း၊ မဲရုံတည်နေရာများအား အတည် ပြု သတ်မှတ်သည့် ရွေးကောက်ပွဲ အကြိုကာလ   လုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်သည့်     ညှိနှိုင်း အစည်းအဝေးကို  ယနေ့  နံနက် ၉     နာရီတွင်       တောင်ငူခရိုင် တောင်ငူမြို့ ခပေါင်းခန်းမ၌ ကျင်းပသည်။

 


ဦးစွာ         ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးဦး က   နိုင်ငံသားများအနေ ဖြင့် ဥပဒေနှင့်အညီ    လွတ်လပ်စွာ မဲပေးနိုင်ရန်အတွက် မဲပေးရာတွင် ပြည့်စုံရမည့် နိုင်ငံသား၊ ဧည့်နိုင်ငံ သားနှင့်       နိုင်ငံသားပြုခွင့်ရသူ ကတ်တစ်မျိုးမျိုးနှင့် အိမ်ထောင်စု ဇယားပုံစံ (၆၆/၆) များရှိကြရမည် ဖြစ်ကြောင်း၊   ပုံစံ (၆၆/၆) ရှိပြီး အသက်(၁၈)နှစ်ပြည့်၍    မှတ်ပုံ တင် ရှိသူများသာ မိမိနေထိုင်ရာ ဒေသ   မဲစာရင်းတွင်ပါဝင်မှသာ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ ယခု အစည်းအဝေးသို့   တက်ရောက် သည့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား     ဦးစီးဌာနနှင့် ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲ သုံးဌာနတို့မှ ပူးပေါင်းဆောင်ရွက် မှသာ            ပြည့်စုံမှန်ကန်သည့် မဲစာရင်းဖြစ်မည်    ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနအလိုက် အားနည်း ချက်များရှိပါက  အရေးယူ အပြစ် ပေးမှုများ       ရှိလာနိုင်ကြောင်း၊ လစဉ်စာရင်း     အတိုးအလျော့ လုပ်ငန်းများလည်း   စနစ်တကျ ပြုစုဆောင်ရွက်နေရန်လိုကြောင်း၊ ယာယီဆောက်လုပ်ရမည့် မဲရုံများ အားလည်း နီးစပ်ရာ မဲရုံ/ စာသင်  ကျောင်းများသို့     ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်         လိုအပ် ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဆွေက      ယခုလာ ရောက်ရာ၌ မဲဆန္ဒရှင်စာရင်းနှင့် မဲရုံများစာရင်းအား ပြည့်စုံမှန်ကန် ရေးအတွက်  လာရောက်ဆောင်  ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပြည့်စုံ မှန်ကန်သည့်စာရင်းများဖြစ်မှသာ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်ကြောင်း၊ ယခု တက်ရောက်သည့်  ဌာနဆိုင်ရာ (၃)   ခုမှ     ပေါင်းစပ်ညှိနှိုင်းပြီး ညီညွတ်စွာ      ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်  ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည်     ရေခံ မြေခံကောင်း  ဖြစ်သည့်အတွက် အစွမ်းကုန်   ပူးပေါင်းဆောင်ရွက် ရန် မှာကြားသည်။ 

 


ယင်းနောက်  ပဲခူးတိုင်းဒေသ ကြီး ရွေးကောက်ပွဲအရာရှိ ဒေါက် တာ    ကျော်ကိုလတ်၊   တောင်ငူ တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းနိုင် ညွန့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်း လှိုင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီး မှူး    ဒေါ်ခင်သန်းညွန့်၊     ခရိုင် ရွေးကောက်ပွဲအရာရှိ၊ တောင်ငူ၊ ထန်းတပင်၊  ဖြူး၊  ရေတာရှည်၊ အုတ်တွင်းမြို့နယ်တို့မှ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ကျောက်ကြီး၊ တောင်ငူ၊ ထန်းတပင်၊ ဖြူး၊ ရေတာ ရှည်၊       အုတ်တွင်းမြို့နယ်တို့မှ ရွေးကောက်ပွဲအရာရှိများ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာန ဦးစီးမှူးများ၊ တောင်ငူမြို့နယ်              အတွင်းရှိ ရပ်ကွက်/    ကျေးရွာအုပ်စုတို့မှ      အုပ်ချုပ်ရေးမှူးများနှင့် စာရေး များက သက်ဆိုင်ရာကဏ္ဍအလိုက်  ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။ 


သတင်းစဉ်