မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ကြိုတင်ပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

မြစ်ကြီးနား    နိုဝင်ဘာ  ၁ဝ


မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်း များ    ကြိုတင်ပြုစုရေးဆိုင်ရာ   လုပ်ငန်းညှိနှိုင်း အစည်းအ‌‌‌‌ဝေးကို  နိုဝင်ဘာ ၉ ရက်  ညနေ ၃ နာရီ က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အစည်းအ‌ဝေး ခန်းမ၌  ကျင်းပရာ   ပြည်နယ်ဝန်ကြီးချုပ်   ဦးခက် ထိန်နန်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့်      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏    ချမှတ်ထားသော   ရှေ့လုပ်ငန်းစဉ် (၅)ရပ်အရ  လွတ်လပ်ပြီး    တရားမျှတသော   ပါတီစုံဒီမိုကရေစီ    အထွေထွေရွေးကောက်ပွဲများ  ပြန်လည်ကျင်းပရာ တွင်     မဲဆန္ဒရှင်စာရင်းပြုစုခြင်းသည်     အဓိက   အရေးကြီးသည့်      လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်   အားလျော်စွာ   မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ပြည်ထဲရေး၀န်ကြီးဌာန၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနတို့မှ   သက်ဆိုင်ရာ ဦးစီးဌာနများအနေဖြင့်    ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 


ဆက်လက်ပြီး   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၀င်   ဦးဘရန်ရှောင်က   မဲဆန္ဒရှင် စာရင်းများ       ကြိုတင်ပြုစုရေးဆိုင်ရာများနှင့် ပတ်သက်၍     ရှင်းလင်းဆွေးနွေးရာ  လာမည့် ရွေးကောက်ပွဲတွင်    မဲဆန္ဒရှင်စာရင်းများ   ပြည့်စုံ မှန်ကန်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်ထားသော မဲစာရင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လူဦးရေစာရင်း၊ လူ၀င်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက်   အိမ်ထောင်စုစာရင်း  (ပုံစံ -၆၆/၆) များနှင့် တိုက်ဆိုင်စိစစ်ခြင်း၊  ဖြည့်စွက်၊ ပြင်ဆင်ခြင်းနှင့် ‌ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ ၌  အသက် ၁၈ နှစ်ပြည့်ပြီး ‌ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်   မဆန့်ကျင်သော   နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့်     နိုင်ငံသားပြုခွင့်ရသူတိုင်းကို ထပ်မံဖြည့်သွင်း  ပြုစုရမည်ဖြစ်ကြောင်း  ဆွေးနွေး ပြောကြားသည်။

 


ဆက်လက်၍       ပြည်နယ်၀န်ကြီးများက  မဲစာရင်း    ပြည့်စုံမှန်ကန်ရေးအတွက်    ဆွေးနွေး ကြရာ  ပြည်နယ်၀န်ကြီးချုပ်က  ပါတီစုံအ‌ထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် အခြေခံမဲဆန္ဒရှင် စာရင်း များ  ပြုစု‌ရေးကိစ္စရပ်များကို  ပူးပေါင်းဆောင်ရွက် ရန်လိုအပ်‌ကြောင်း ပြောကြားသည်။


ပြည်နယ်(ပြန်/ဆက်)