မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   မတ်    ၁၀


မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် စေတနာရှင် အလှူရှင် များက အလှူငွေများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင်   ရှမ်းပြည်နယ်(မြောက်ပိုင်း)  လားရှိုးမြို့ရှိ ရွှေလီဧည့်ခန်းမဆောင်၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်  ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ နှင့် မိသားစုတို့မှ လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၅၀၀ ကို  တိုင်းမှူး    က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်