မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌ ကဆုန်လပြည့်ကုသိုလ်တော်အဖြစ် မုစလိန္ဒနဂါးရုံဘုရားကျောင်းဆောင်တော်သို့ ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်ပူဇော်ခြင်းနှင့် မဟာဗောဓိပင်တော် စိုက်ပျိုးပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်   မေ   ၃


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ   မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်း၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကုသိုလ်တော်အဖြစ် မုစလိန္ဒ   နဂါးရုံဘုရားကျောင်းဆောင်တော်သို့   ဗုဒ္ဓ ရုပ်ပွားတော်ပင့်ဆောင်ပူဇော်ခြင်းနှင့် မဟာဗောဓိပင် တော် စိုက်ပျိုးပူဇော်ခြင်း မင်္ဂလာအခမ်းအနားတို့ကို ယနေ့နံနက်ပိုင်းတွင်   ကျင်းပပြုလုပ်ရာ   ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်သည်။

 


တက်ရောက်ပူဇော်


အခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊   ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဦးကိုကိုနှင့် ဦးမျိုးသန့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ    ဦးတင်ဦးလွင်၊     ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ)          ဗိုလ်ချုပ်ကြီး ထွန်း အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊    နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊  ဝတ်အသင်းအဖွဲ့များ တက်ရောက်ပူဇော်ကြသည်။
ဦးစွာ မုစလိန္ဒ နဂါးရုံဘုရားကျောင်းဆောင်တော် သို့   ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင်ပူဇော်ခြင်း   အခမ်း အနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး ၍ ဖွင့်လှစ်သည်။

 


သံပြိုင်ညီညာသုံးကြိမ်ရွတ်ဆို


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ဧည့်ပရိသတ်များက ရတနတ္တယပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက   မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို   သံပြိုင် ညီညာသုံးကြိမ် ရွတ်ဆိုပူဇော်ကြသည်။
ထို့နောက် အခမ်းအနားမှူးက မင်္ဂလာအခါတော် စာတမ်းကို       ဖတ်ကြားပြီး      မင်္ဂလာအချိန်တွင်  ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွား တော်မြတ်အား မုစလိန္ဒနဂါးရုံဘုရား ကျောင်းဆောင် သို့ မင်္ဂလာစက်ခလုတ်နှိပ်၍ ပင့်ဆောင်သည်။ 

 


ဆက်လက်၍        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အခမ်း အနား တက်ရောက်လာကြသူများက မုစလိန္ဒ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား    ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး “ဇယန္တော ဗောဓိယာ မူလေ” အစချီ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်၍ အခမ်းအနားမှူးက အောင်ဆုမင်္ဂလာ အမျှဝေစာတမ်း လွှာကို ဖတ်ကြားကာ မေတ္တာပြုအမျှပေးဝေကြသည်။ 

 


ယင်းနောက်  “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”  သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်     အခမ်းအနား တက်ရောက်လာကြသူများသည် မုစလိန္ဒကန်တော် အတွင်းရှိ ငါးများကိုအစာများကျွေး၍ အာဟာရဒါနပြု ကြသည်။

 


အဆိုပါ မုစလိန္ဒနဂါးရုံဘုရား တည်ထားကိုးကွယ် မှုနှင့်ပတ်သက်၍ မြတ်စွာဘုရားသည် ခြောက်ခုမြောက်သတ္တာဟအဖြစ် မုစလိန္ဒ ခေါ် ကျည်းပင်သို့ကြွရောက် သီတင်းသုံးခဲ့ကြောင်း၊    အဆိုပါသီတင်းပတ်တွင်  ခုနစ်ရက်     ခုနစ်လီအခါမဲ့     မိုးကြီးပြင်းထန်စွာ ရွာသွန်းလာခဲ့ကြောင်း၊   မုစလိန္ဒ   နဂါးမင်းသည် မြတ်စွာဘုရားအား မိုးရေမိုးပေါက်များ မထိမှန်စေရန် ကိုယ်တိုင်ကိုယ်ကျ ကောင်းမှုပြုလုပ်လိုသဖြင့် ခန္ဓာ ကိုယ်ကို   ကြီးစွာဖန်ဆင်းလျက်  မြတ်စွာဘုရား၏ ခန္ဓာကိုယ်တော်အား ခုနစ်ပတ်ပတ်ခွေပြီးအထက်မှ ပါးပျဉ်းဖြင့်  ထိထိစပ်စပ်မိုးကာ ကာကွယ်ပေးခြင်း ပြုလုပ်ခဲ့ကြောင်း၊  ယခုမာရဝိဇယ  ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်း၌  မုစလိန္ဒနဂါးရုံဘုရား တည်ထား ရာတွင် ဆရာတော်၊ သံဃာတော်ကြီးများ၏ ဩဝါဒ ခံယူလျက် ဝိနည်းမဟာဝါ ပါဠိတော်၊ ဝိနည်းမဟာဝါ အဋ္ဌကထာ၊ သာရတ္ထဋီကာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊  ဇာတကအဋ္ဌ ကထာစသည့် ပိဋ ကတ်တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင် ကျမ်းဂန် တော်နှင့်အညီ ပြည့်စုံစွာ တည်ထားကိုးကွယ်ထား ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

 


မဟာဗောဓိပင်တော် စိုက်ပျိုးပူဇော်


ဆက်လက်ပြီး  ကဆုန်လပြည့်ဗုဒ္ဓနေ့ကုသိုလ် တော်အဖြစ်     မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း မဟာဗောဓိပင်တော်    စိုက်ပျိုးပူဇော်ခြင်း   မင်္ဂလာ အခမ်းအနားကို   ကျင်းပပြုလုပ်ရာ    ဦးစွာ “နမော တဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်း အနားကို ဖွင့်လှစ်သည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသည့် ဧည့်ပရိသတ်များက ရတနတ္တယပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက  မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို  သံပြိုင် ညီညာသုံးကြိမ် ရွတ်ဆိုပူဇော်ကြသည်။

 


ထို့နောက် အခမ်းအနားမှူးက မဟာဗောဓိရုက္ခ ရောပနပူဇာဂါထာကို ဖတ်ကြားပြီး ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က       မဟာဗောဓိပင်တော် စိုက်ပျိုးပူဇော်မည့်နေရာတွင် ကျောက်မျက်ရတနာ များကို ထည့်သွင်းပူဇော်သည်။

 


ရေစင်ရေသန့်များ သွန်းလောင်း


ဆက်လက်၍ မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   မဟာဗောဓိပင်တော်ကို စိုက်ပျိုး၍ မြေဆီမြေလွှာမြေဩဇာများ ကျွေးမွေးကာ ရေစင်ရေသန့်များ သွန်းလောင်းပြီး အမွှေးနံ့သာရည် များ ပက်ဖျန်းပူဇော်ကာ ဇယမင်္ဂလာများ ဆောင်ရွက် ကြသည်။

 


ယင်းနောက် အောင်ဆုမင်္ဂလာအမျှဝေ စာတမ်း လွှာကို    ဖတ်ကြား၍   မေတ္တာပြုအမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

 


ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်း


ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်  အခမ်းအနား  တက်ရောက်လာကြသူများသည်  မဟာဗောဓိပင်တော်အား လက်ယာရစ်လှည့်လည် ပူဇော်၍  မဟာဗောဓိပင်တော်  စိုက်ပျိုးအောင်မြင် ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်း ဖြိုးခဲ့ကြောင်း သတင်းရရှိသည်။  

 


အဆိုပါ    မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း “မာရဝိဇယ”   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို    မြန်မာ နိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊  တိုင်းပြည် အေးချမ်းသာယာမှု ရှိစေရန်၊    ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊  ယခုအခါ  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်မှုမှာ ၉၅ ရာခိုင်နှုန်း ခန့် ပြီးစီးပြီဖြစ်ကြောင်းနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ် တော်အတွင်း သာသနိက အဆောက်အအုံများစွာကို လည်း  ထည့်သွင်းတည်ဆောက်လျက်ရှိပြီး ယခုအခါ သာသနိက     အဆောက်အအုံများနှင့်      ဗုဒ္ဓဥယျာဉ် တည်ဆောက်မှုမှာ ၈၃ ဒသမ ၃ ရာခိုင်နှုန်းခန့် ပြီးစီး ပြီဖြစ်ကြောင်း သတင်းရရှိသည်။  

      
 သတင်းစဉ်