မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် အဖိတ်နေ့နှင့် ဥပုသ်နေ့များ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

 

နေပြည်တော်  ဩဂုတ်  ၂၄


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်ထားရှိသည့်     ကမ္ဘာပေါ်ရှိ    ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့  အနယ်နယ်အရပ်ရပ်မှ   လာရောက် ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။


အဖိတ်နေ့နှင့် ဥပုသ်နေ့ဖြစ်သော ဩဂုတ် ၂၃ ရက်နှင့် ယနေ့တို့တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့်  ဘုရား၊ ကျောင်း၊  ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီအဆူ ၇၂၀ တို့အပါအဝင်  အခြား          ဘာသာရေးဆိုင်ရာ အဆောက်အဦများကို စိတ်အေး ချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညို လေ့လာခြင်း၊ တရားဘာဝနာပွား များခြင်း၊    အသင်းအဖွဲ့အလိုက်  ဝတ်ရွတ်ပူဇော်ခြင်းများ   ဆောင် ရွက်၍    ကြည်ညိုသဒ္ဓါပွားများ လျက်       စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။


အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့     လာရောက် ဖူးမြော်ကြည်ညိုကြသည့် ဘိုးဘွား များအား ကျန်းမာရေးဝန်ထမ်းများ က    လိုအပ်သည့်     ကျန်းမာရေး စောင့်ရှောက်မှု      လုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာ နိုင်ငံကြက်ခြေနီအဖွဲ့နှင့် မီးသတ် တပ်ဖွဲ့ဝင်များကလည်း      လမ်း လျှောက်ရန် အခက်အခဲဖြစ်သည့် ဘိုးဘွားများအား   အဆင်ပြေစွာ ဖြင့် ဘုရားဖူးမြော်ကြည်ညိုနိုင်ရန် Wheel Chair များဖြင့် လိုက်လံ ပို့ဆောင်ပေးကာ     လိုအပ်သည် များ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ အဆိုပါ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ရဟန်း ရှင်လူအများပြည်သူများ    အခမဲ့ လာရောက်    ဖူးမြော်ကြည်ညိုနိုင် ရန်  စက်တင်ဘာ  ၃  ရက်အထိ  နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်