
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် စေတနာ ရှင် အလှူရှင်များက အလှူငွေ များ လှူဒါန်းခြင်းကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်တိုင်းစစ် ဌာနချုပ် ဧည့်ခန်းမ၌ပြုလုပ်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်နှင့် မိသားစုဝင်များ တက်ရောက် ကြသည်။
ဦးစွာ အလှူရှင် စိန်လုံ(မ်)တောင်တန်း ကျောက်မျက်ရတနာ လီမိတက် မိသားစုဝင်များဖြစ် သည့် ဦးရန်ချင်းစိန်၊ ဦးသိန်း အောင်၊ ဒေါ်ဇူးဟွမ်၊ ဦးလန်ပြင်း ဆိုက်နှင့် ဒေါ်သန်းသန်းဆွေတို့က ကျောက်စာရုံ စေတီသုံးဆူအတွက် အလှူငွေကျပ် ၈၃၇ သိန်းနှင့် ပိဋကတ် သုံးပုံ ကျမ်းစာအုပ် သုံးအုပ်အတွက် အလှူငွေကျပ် သိန်း ၆၀ တို့ကို ပေးအပ်လှူဒါန်း ရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြောင်း သတင်းရရှိသည်။
သတင်းစဉ်